မှော်ဘီမြို့နယ်ရှိ စစ်တပ် လေတပ်စခန်း အနီးကျယ်လောင် သော ပေါက်ကွဲသံ ၄ ချက်ခန့် ထွက်ပေါ်
ရန်ကုန်၊ မတ် ၂၁
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လေတပ် စခန်းဌာနချုပ်အနီး ကျယ်လောင်သောပေါက်ကွဲသံ ၄ ချက်ခန့် ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။
ယနေ့ မတ်လ ၂၁ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် မှော်ဘီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ် စခန်းဌာနချုပ်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံ ၄ ချက်ခန့် ထွက်ပေါ်ခဲ့ပြီးနောက် လေတပ် စခန်းအတွင်း၌ ခရာမှုတ်သံများ ဆူညံနေကြောင်း သိရသည်။
” မှော်ဘီမှာ လက်နက်ကြီးသံ ၄ ချက်လောက် ကြားရတယ်။ လေတပ်ဘက်က ကြားရတာ ဘယ်ကို ပစ်လဲဆိုတာတော့ တိတိ ကျကျ မသိရသေးဘူး။ လေတပ်အတွင်းထဲမှာလည်း အရေးပေါ်ခရာ မှုတ်သံတွေ ကြားနေရတယ်” ဟု ပြည်သူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
Photo – ပုံဟောင်း