27 C
Yangon

ဆားလင်းကြီးမြို့ပေါ်ရှိ ချည်ထည်စက်ရုံအတွင်း တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့ပေါ်ရှိ ချည်ထည်စက်ရုံအတွင်း တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အမှတ် ၁ ချည်ထည် စက်ရုံ၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း သေမင်း တမန် ပြောက်ကျားတပ်ဖွဲ့ (Salingyi) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့ပေါ်ရှိ အမှတ် ၁ ချည်/ထည် စက်ရုံ အတွင်း၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများသည် လမ်းသွား လမ်းလာ ပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခြင်းများကြောင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ် တပ်စွဲထားသော နေရာများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ၊ လက်လုပ် ၄၀ မမ များ၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ Salingyi Revolution Army (SRA)၊ ဆားလင်းကြီးမြို့နယ်ပလဖ၊ ရွှေညီကို ပြောက်ကျားအဖွဲ့ (ဆားလင်းကြီး)၊ Chindwin Defense force (CDF)၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သေမင်း တမန် ပြောက်ကျားတပ်ဖွဲ့ (Salingyi) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article