22 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုမှာ တိုက်ပွဲတွေပြင်းထန်းပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု များပြားနေတာကြောင့် တိုက်လေယာဉ်နဲ့ စစ်ကူတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသ တင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– ရန်ကုန်၊ မှော်ဘီလေတပ်စခန်းက တိုက်လေယာဉ်နဲ ရဟတ်ယာဉ်တွေထားတဲ့နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြ UG ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောပါတယ်။

– ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်စလုံးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ထိန်းချုပ် ထားစဉ် နာမကျန်းပြည်သူ ၁၅ ဦးကို PNDFနဲ့ KNDF တပ်ဖွဲ့တို့ ဝင်ရောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

– ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ လေးထပ်တိုက်ခန်းကို ထိုင်းစစ်တပ်က ဝင်ရောက် စစ်ဆေးရှာဖွေရာ ဒရုန်း၊ ယူနီဖောင်းတွေနဲ့အတူ တွေ့ရှိတဲ့လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article