30 C
Yangon

ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး၊ မြောင်တွင် စစ်​ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး၊ မြောင်တွင် စစ်​ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့ ထံမှ သိရသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပုလောမြို့နယ် မင်းထိန်ရွာ နှင့် ပဝတ်ဖျားရွာ အကြား ခြေလျင်တက်လာသည့် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း ၅ လုံး၊ တိုက်မိုင်း ၁ လုံးတို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့​​ကြောင်း သိရသည်။

ပထမ အကြိမ် ထိတွေ့ တိုက်ပွဲသည် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်ကာ ၂၅ မိနစ် ကြာ ဖြစ်ပွားခဲ့​​​ကြောင်း၊ ဒုတိယ တိုက်ပွဲသည် မိနစ် ၂၀ ကြာ ထပ်မံ ဖြစ်ပွားခဲ့ပြီး ထိတွေ့ တိုက်ပွဲနှင့် မိုင်းဆွဲ တိုက်ခိုက်မှုများအတွင်း စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNDO၊ King Cobra Force (တောကြီးမြွေဟောက်တပ်ဖွဲ့,)၊ PDF တပ်ခွဲ ၃ ၊ KPDF တပ်ဖွဲ့၊ နဂါးမင်းတပ်ဖွဲ့ နှင့် ကွန်မန်ဒို ပူးပေါင်းတပ်ဖွဲ့များမှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်မှ သရက်သာရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ၂၂ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်နေတိုး ပြောက်ကျား အထူး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“ကျောက်ရစ်စခန်းကနေ သရက်သာရွာဘက်ကို ထွက်လာတဲ့ ခွေးဘီးလူးစစ်ကြောင်းကို လမ်းခုလတ် တနေရာမှာ ဆွဲတာ၊ မနေ့ကတော့ သရက်သာရွာမှာ တပ်စွဲထားတယ်၊ ဒီမနက်တော့ ကျောက်ရစ်စခန်း ကထပ်ထွက်လာတဲ့ စစ်သားတွေနဲ့ပေါင်းပြီး တမဆေးကန်နဲ့ နဘတ်ရွာဘက်ကို စစ်ကြောင်းနှစ်ခုခွဲဝင် နေတာ၊ အဖမ်းခံရတာတွေတော့ ရှိတယ်လို့ ကြားတယ်၊ ရွာကိုမီးရှို့တာတော့ မရှိသေးဘူး” ဟု ဗိုလ်နေ တိုး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်နေတိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်နေတိုး BNT ပြောက်ကျားအထူးအဖွဲ့၊ ဗိုလ်တောက်ထွန်း MBTT၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article