31 C
Yangon

ခင်ဦးမြို့နယ်၊ မြကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ်၊ မြကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ရွာသစ်ကုန်းရွာ ပျူစောထီး ၄၀ခန့်က အင်းပတ်ဘူတာအနီး ကင်းဝပ်ကာ လမ်းသွားလမ်းလာ ပြည်သူများကို လိုက်လံ ပစ်ခတ်ပြီး နံနက် ၈ နာရီ ၂၀ မိနစ်တွင် မြကန်ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေဦးမြို့ တိုင်းရင်း ဆေးရုံမှ လက်နက်ကြီး ၆ လုံး ဖြင့် ခင်ဦးမြို့နယ် အနောက်ခြမ်းဘက်သို့ ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်းကြောင့် မြကန်ကျေးရွာ၊ အင်းပတ်ကျေးရွာ နှင့်ကုန်းသာကျေးရွာတို့မှ ဒေသပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက လမ်းသွားလမ်းလာတွေကို ပစ်ခတ်ပြီးတော့ အခု မြကန်ရွာကို မီးရှို့နေတယ်။ ရွာထဲက အခြေအနေတွေတော့ မသိရသေးဘူး။ ရေဦးမြို့ တိုင်းရင်း ဆေးရုံက စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေလို့ ကျေးရွာ ၃ ရွာက ပြည်သူ ၁၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article