27 C
Yangon

ရေစကြိုနှင့် ကျိုက်ထိုတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ

Must read

ရေစကြိုနှင့် ကျိုက်ထိုတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့က ကံသစ်ကျေးရွာနှင့် ကြီးကန်ကျေးရွာကြား၌ ညအိပ်တပ်စွဲပြီး တောင်အိုကျေးရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ၃ လုံးကျဲချခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးဒဏ်ရာရ ရှိပြီး ကျောက်လှေကားဘက်ရှိ GTC ကျောင်းဘက်သို့ သယ် ဆောင်သွားကြောင်း သိရသည်။

“အဲဒီကကောင်တွေက တပ်မပြန်ပဲနဲ့ ကံသစ်နဲ့ကြီးကန်ကြားမှာ ညအိပ်နေတာ၊ ၂ ရက်လောက်ရှိပြီ၊ ပြန် ထွက်လာတဲ့အချိန်မှာ အီနာဂါနဲ့ချခဲ့တာ၊ ၅ ကောင်ဒဏ်ရတယ်၊ဒဏ်ရာရတဲ့ကောင်တွေကို GTC ကျောင်း ထဲလမ်းကြုံတင်ပေးလိုက်တယ်၊ အဲဒီမှာက ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်၊ ကျနော်တို့ ရဲဘော်တွေအထိအခိုက်မရှိခဲ့ပါဘူး” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

အလားတူ မတ်လ ၂၂ ရက် ည ၁၀ နာရီခန့်က ရေစကြိုမြို့ နယ်၊ ဇီးတောပျူရွာအထိုင်စခန်းအား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၊ပျူစောထီးထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်း၊ ပစ်ခတ်တိုက်ပွဲသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး ခလရ ၂၇၅ တပ်အတွင်းမှလည်း စက်ကလေး၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ခမရ ၂၀၇ နှင့် အမြောက်တပ် (အမတ) ၃၁၀ တပ်ရင်းတို့အား လက်နက်ကြီးများဖြင့် တိုက် ခိုက်ခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က အဆိုပါတပ်နှစ်ခုအား ကျိုက်ထို တော်လှန်ရေး အင် အားစု – KRF ၊ KNU/KNLA တပ်မဟာ ၁ ၊ PDF တပ်ဖွဲ့တို့ပူးပေါင်းကာ စစ်ရေးပစ် မှတ်အဖြစ် သတ်မှတ် ၍ လက်နက်ကြီးများဖြင့် မိနစ် ၃၀ ခန့်အကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF အနေဖြင့် အကြမ်း ဖက်စစ်အာဏာရှင် ကျဆုံးချိန်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် သတင်းပေးများ၊ ဒေါက်တိုင် နှင့်အပေါင်းပါများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

Photo-ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article