30 C
Yangon

ရွှေကျင်နှင့် ညောင်လေးပင် မြို့နယ်အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၁ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား

Must read

ရွှေကျင်နှင့် ညောင်လေးပင် မြို့နယ်အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၁ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား

ရန်ကုန်၊ မတ် ၂၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၁ လုံးပြာကျခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာရှိ ပြည်သူပိုင် နေအိမ် ၁၇ လုံးနှင့် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာရှိ ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်တပ် စစ်ကြောင်းသည် ညောင်ပင်ကြီးကျေးရွာနေ လင်မယား ၂ ဦးဖြစ်သည့် မယုဝါနှင်း နှင့် ကိုစိုးလွင်ဦး တို့ကို ဖမ်းဆီး ရိုက်နှက်စဥ် မယုဝါနှင်းသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုစိုးလွင်ဦးသည် ဆေးရုံတင်ထားရကြောင်းသိရှိရသည်။

” စစ်ခွေးတွေက မနေ့ညက ပုဇွန်မြောင်းရွာနဲ့ ညောင်ပင်ကြီးရွာကို မီးရှို့သွားတာ နေအိမ် ၂၁ လုံးပြာကျသွားတယ်။ စစ်ခွေးတွေက အခုထိ ရွာတွေထဲမှာ ပတ်နေတုန်းပဲ ရွာနားကပ်လို့ မရသေးဘူး။ နောက်ပြီး ညောင်ပင်ကြီးရွာက လင်မယား ၂ ဦးကို စစ်ခွေးတွေက ဖမ်းဆီး ရိုက်နှက်တာ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေသွားတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ပုဇွန်မြောင်းရွာမှ နေအိမ် ၁ လုံးအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article