25 C
Yangon

မတူပီ၊ ပလက်ဝလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး၊ ပုလဲရှိ ဇီဖြူကုန်းရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

မတူပီ၊ ပလက်ဝလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး၊ ပုလဲရှိ ဇီဖြူကုန်းရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းပေါ် မိုင်တိုင် ၁၂ တွီးရှစ်ရွာ အထွက် သင်္ချိုင်ကုန်းနှင့် ပန်တွီးလမ်းခွဲတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း CDF –Matupi ထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၅၀ ခန့်က မတူပီမြို့ ခလရ ၃၀၄ တပ်မှ မတူပီ-ပလက်ဝလမ်းမပေါ် ရှိ ထယ်ဘွေစခန်းသို့ စားနပ်ရိက္ခာနှင့် စစ်အင်အားဖြည့်ရန် ကား ၃ စီး၊ စစ်သား ၈၀ ခန့်ဖြင့် ထွက်ခွာလာ အကြမ်းဖက်စစ်သားများကို မတူပီ-ပလက်ဝလမ်းပိုင်း မိုင်တိုင်အမှတ် ၁၂ တိုးရှစ်ရွာအထွက် သင်္ချိုင်း ကုန်းနှင့် ပန်တွီးလမ်းခွဲအရောက် CDF – Matupi မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ညနေ ၂ နာရီနှင့် ၃ နာရီကြားအကြမ်းဖက် စစ်သား အင်အား ၃၀ ခန့်ကို Helicoter ဖြင့်လာရောက်ပို့ဆောင်အင်အားဖြည့်သွားပြီး ဒဏ်ရာရ စစ် သားများကို တင်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်သားများမှာ ရှေ့သို့ ဆက်တိုးနိုင်တော့ပဲ တွီရှစ်ရွာ ထဲသို့ ပြန်ဆုတ်သွားကြောင်း၊ CDF-Matupi တပ်ဖွဲ့ဝင်များအားလုံးအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ထွယ်ဘွေစခန်းကို ရိက္ခာ၊ အင်အား ဖြည့်တင်းရန် မတ်လ ၂၀ ရက် နေ့ကစ၍ ထွက်ခွာလာခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မတူပီ-ပလက်ဝလမ်းမပေါ် ၆ မိုင်၌ တစ် ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်၌ ၇ မိုင်နှင့် ၈ မိုင် ကြားတွင်တစ်ကြိမ်၊ မတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်၌ ၉ မိုင်နှင့် တွီရှစ်ရွာအဝင်၌ တစ်ကြိမ် ၃ ကြိမ် တိုက်ခိုက်ခံရကာ အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီဖြူကုန်းရွာ ပျူစောထီး စခန်းကို MRDA တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးကြောင်း MRDA မြန်မာ့တော်ဝင် နဂါးတပ်တော်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ဇီဖြူကုန်းရွာ ပျူစောထီး စခန်းကို MRDA တပ်ဖွဲ့များက ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မ​ကျေပွဲလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ဘက်က လက်နက်ကြီးတွေနဲ့ အဲဒီ ပျူစောထီးရွာကို ပစ်ခတ်တာတွေ ထပ်လုပ်ခဲ့တယ်။ ဒီနေ့မနက်ခင်း အတွင်းကပြန်ကြားရတာက စစ်ခွေး ၃ ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ သိထားရတယ်” ဟု မြန်မာတော်ဝင် နဂါးတပ်တော် ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပျူစောထီးရွာကို မြန်မာ့တော်ဝင် နဂါးတပ်မတော် MRDA အဖွဲ့‌ မြင်းခြံ တပ်ရင်း၁ ၊ မြင်းခြံခရိုင်တပ်ရင်း ၃ အဖွဲ့တို့က မတ်လ ၂၁ ရက်နေ့က ပထမအကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့​​ပြီး ယခု တိုက်ခိုက်ခြင်းသည် ဒုတိယ အကြိမ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရှရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article