28 C
Yangon

ပြည်သူများကို သတ်ဖြတ်ခဲ့သည့် စစ်တပ် ဘီလူးစစ်ကြောင်းကို မြောင်နယ်တွင် တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံး၊ ဖြစ်သလို အမိန့်ပြန်ပြီး စစ်သား အလောင်း ကို ပစ်ထားခဲ့

Must read

ပြည်သူများကို သတ်ဖြတ်ခဲ့သည့် စစ်တပ် ဘီလူးစစ်ကြောင်းကို မြောင်နယ်တွင် တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံး၊ ဖြစ်သလို အမိန့်ပြန်ပြီး စစ်သား အလောင်း ကို ပစ်ထားခဲ့

■ မြောင်နယ်တွင် ဘီလူးစစ်ကြောင်းမှ သေဆုံးသူ စစ်သား ၃၆ ဦးရှိပြီ

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီ၏ ဘီလူး စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် အများအပြား သေဆုံး ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM မှ ကိုနွေဦး(မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မတ်လ ၂၁ ရက် ညနေ ၄ နာရီခန့်က မြောင်မြို့နယ်၊ မြစ်ဆုံ၊ ပေါက်ချောင်း၊ ချောင်း ခွဲနေရာများသို့ အင်အား ၂၀၀ ခန့် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ် ကြောင်းကို ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၂ နာရီခွဲခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်မှ ၁၉ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ နောက်ဆုံး တပ်စွဲခဲ့သည့်နေရာအား စစ်ဆေးကြည့်ရှုရာ တပ်ကြပ်ကြီးတစ်ဦး၏ ရုပ် အ လောင်း နှင့် အမိန့်ပြန်တမ်း အချက် အလက်အချို့ကို သိမ်းဆည်း ရရှိခဲ့ ကြောင်း၊ အလောင်းကို ဖြစ်သလိုထားခဲ့ပြီး အမိန့်ပြန်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ မစခင် နေ့ခင်း ၁၂ နာရီလောက်က ကျနော်တို့ CDSOM က အရှေ့ ဘက်ခြမ်းကနေ ခွေးတွေ နေ တဲ့ဇရပ်ကို ဝင်ပစ်တယ်၊ နေ့ခင်း ၁ နာရီလောက် မှာ ဒုတိယအကြိမ် မြင်းခြံ ၃၅ ဦးက လာပေါင်းပြီး ပထိန် ၂ လုံး ၄၀ မမတစ်လုံး ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ ဇရပ်ဘေးကနေ ဝင်ပစ်တာ၊ ပထိန်တစ်လုံးက ဇရပ်ဘေးမှာ ဝပ်နေတဲ့ ခွေးအုပ်ထဲကို တည့်တည့်ကျတယ်၊ တောင်ပံ နှစ်ဖက် ကနေ ခွေးဘီလူးတွေကို ဝင်ပြီးချေမှုန်းခဲ့တာပါ” ဟု မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM မှ ကိုနွေဦး (မြောင်)က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါအကြမ်းဖက်စစ်တပ် ဘီးလူးစစ်ကြောင်းသည် မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူများကို လူမဆန် စွာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှစ၍ မြောင်မြို့နယ်အတွင်း၌ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ များက ခုခံတိုက်ခိုက်ခဲ့ရာ မတ်လ ၁၅ ရက်နေ့တွင် ၈ ဦး၊ မတ်လ ၁၆ ရက်နေ့ တွင် ၉ ဦး၊ မတ်လ ၂၁ ရက်နေ့က ၁၉ ဦး စုစုပေါင်း ၃၆ ဦးသေဆုံးခဲ့ပြီး ဖြစ် ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို CDSOM ၊ မြင်းမူ CRF ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တပ်ခွဲ၃ ၊တပ်ခွဲ ၄၊ တပ်ရင်း၂ ခွဲ ၃ ၊ တပ်ရင်း၆ ခွဲ ၂ ၊ MGN 35 ၊ 11 Brother Force ၊ Young Man၊ LCAR ၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ Myingyan Ranger ၊ PDF Taloke ၊ MGN Tiger ၊ MGN 21 ၊ မြင်းခြံခရိုင် တပ်ရင်း၁ ၊ မြင်းခြံခရိုင် ၃၊ Burmese Guerrilla Force-BGF (Myingyin) ၊ CDSOM တောင်ပိုင်း ဗိုလ် ကျားသစ် ၊ MS9 Brothers ၊ Shwe-Ao Revolution Force ၊ Justice Revolution Force – Myaung ၊ မန္တလေးခရိုင် တပ်ရင်း ၃၊ Black Wolf PDF (မန္တလေးခရိုင် တပ်ရင်း ၃၊ တပ်ခွဲ ၃)၊ Leopard Mobile Defense Force – Myaung တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျည် ၂၀၀၀ ၊ အီနာဂါ ဗုံးသီး ၂၀ အသုံးပြုခဲ့ရပြီး ဒရုန်းတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article