25 C
Yangon

ခင်ဦး၊ မြကန်ရွာမှ အဖိုးအို ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ရွာက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦး၊ မြကန်ရွာမှ အဖိုးအို ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ရွာက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို အကြမ်းဖက် စစခတပ်က စီးနင်းပြီး အဖိုးအို ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက မြကန် ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာတွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ကို သေနတ်ဒင်ဖြင့် ထုကာ စစ်ဖိနပ်ဖြင့် ကန်၍ ဖမ်းဆီး ရိုက်နှက်ကာ သတ်ဖြတ်သွားပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းတာ နေအိမ်တစ် လုံးမီးလောင် ဆုံးရှုံးခဲ့တယ်။ အသက် ၆၅နှစ် အရွယ် အသက်ကြီးရွယ်အို ဦးညိုတင်က အဝတ်ထုပ်တွေ တင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေး တိမ်းရှောင်ဖို့ လုပ်နေတုန်း စစ်ခွေးတွေက ဖမ်းဆီး သတ်ဖြတ်သွားတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအရားရှိ ကျေးရွာများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာ ၆ ရွာက ပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article