28 C
Yangon

ရေတာရှည်နှင့် ရေစကြိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၁၁ ဦးသေဆုံး

Must read

ရေတာရှည်နှင့် ရေစကြိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၁၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကျေးရွာနှင့် ရွာသစ်ကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရ သည်။

မတ်လ ၁၇ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်က စစ်တောင်းမြစ်ရှေ့ဘက်ကမ်းသို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ထောက်လှမ်းရေး ဒရုန်း တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၆ တို့မှတိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး တိုက်ပွဲအတွင်းသို့ ဆွာမြို့ မြောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၉ နှင့် ခလရ ၈၄ တပ် အတွင်းမှ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်‌ကျေးရွာတွင်းသို့ (၁)နာရီကျော်ကြာအောင် လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးကြောင်း MRTF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် ရေစကြိမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီး စခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၈၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦး သေဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် အပြန်းအလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ မြေပြင်ထိတွေ့မှုမှာ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။ ပျူစောထီး သင်တန်းဆင်း တစ်ကောင်သေတယ်။ ခွေးထောက်ပို့ပျူရွာက ၅ ဦးဒဏ်ရာရတယ်”ဟု MRTF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၁၇ တပ်ပေါင်းစု အထိုင်တပ်ရင်းမှ တပ်ခွဲ ၂ ၊ ရွှေဓားဘိုအဖွဲ့၊ သံမဏိသိန်းဌက် အဖွဲ့၊ မြေလတ်ဒေသအထူးစစ်ဆင်ရေးပျောက်ကျားအဖွဲ့ MRTF နှင့် ရေစကြိုဗိုလ်ချုပ် တပ်ဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article