28 C
Yangon

ရေစကြိုနှင့်ကြာအင်းဆိပ်ကြီးတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

Must read

ရေစကြိုနှင့်ကြာအင်းဆိပ်ကြီးတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လှည့်လည်စစ်ကြောင်း ထိုးနေသော အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ကျေးရွာနှစ်ရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့ နယ်၊ တောင်အိုတာတောင်ကျေးရွာမှ ထွက်ခွာလာပြီး သမန္တပို့ကျေးရွာဘက်သို့ ခွဲထွက်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်သည် သမန္တပို့တောင်ရွာရှိ ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ခိုးယူပြီး သမန္တပို့အလယ်ရွာသို့ ကူးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ ရှေ့ ပြေးကင်း ၅ ဦးမှာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“တောင်အိုတာတောင်ရွာမှာ နှစ်ဖွဲ့ ခွဲထွက်တာ၊ သမန္တပို့တောင်ရွာကို ဝင်မွှေပြီးတော့ အလယ်ရွာဘက်ကို ကူးလာတဲ့အချိန် ဘုန်းကြီးကျောင်းနားမှာ ဆော်ခဲ့တာ၊ ရှေ့ပြေးကင်း ၅ ကောင်ကတော့ နေရာမှာပင် သေတယ်၊ ဒဏ်ရာတဲ့ကောင်တွေက တော့ ညောင်စောက်ဘုန်းကြီးကျောင်းထဲမှာ ဆေးကုနေတယ်၊ အဲဒီဘုန်းကြီးကျောင်းမှာ ညအိပ်တပ်စွဲကြတာ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြို ပကဖ မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး သေဆုံးစစ်သားအလောင်းများကို နောက်မှပါလာသည့် အကြမ်းဖက်စစ်သားများမှ ထမ်းထုတ်သယ်ယူသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ကွီလုံးတိုင်ရွာသစ်အနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့လည် ၁ နာရီခန့်က အကြမ်းဖက်စစ်ကောင် စီ စကခ ၁၃ လက်အောက်ခံ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ တပ်ပူးပေါင်းအင်အား ၈၀ ခန့်သည် တောင်ကလေးအုပ်စု၊ ကွီလုံးတိုင်ရွာသစ်အနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် နဂါးနီစစ်ကြောင်း၊ SOF ၊ KNLA ပူးပေါင်းတပ်ဖွဲ့များမှ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် မတ်လ ၁၉ ရက်နေ့တွင် ကွီလုံးတိုင်ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆန်အိတ် ၂၀ နှင့် ထီးသဘျူဖိုးခီးကျေးရွာရှိ ဈေးဆိုင် ၃ ဆိုင်အတွင်းမှ သိန်း ၃၀ ခန့်တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

ထို့ကြောင့် မတ်လ ၂၁ ရက်နံနက် ၅ နာရီခန့်တွင် နဂါးနီစစ် ကြောင်း၊ SOF ၊ KNLAပူးပေါင်းတပ်ဖွဲ့များမှ တောင်ကလေးကျေးရွာအနီး၌ ဝိုင်းဝန်းပိတ်ဆို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ အထိနာပြီး Jet Fighter ဖြင့် ၂ ကြိမ်၊ Mi 35 ဖြင့် ၃ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ် တပ်၏ လေကြောင်းပစ်ကူများကြောင့် ဘာသာရေးအဆောက် အဦးအချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် နံနက် ၅ နာရီမှ ညနေ ၆ နာရီခန့်အထိ တနေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေ ဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိပြီး သေဆုံးစစ်သားအလောင်းများကို လမ်းပေါ်တွင် ပစ်ထားခဲ့ကြောင်း၊ MA 1 ၁ လက်၊ MA 2 (စက်ကလေး) ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင် ၇ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo- နဂါးနီစစ်ကြောင်း တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article