26 C
Yangon

မကွေးလေတပ်စခန်း ဘေးရှိ အောင်ဇေယျာရပ်ကွက်မှ အိမ်ခြေ ၁၀၀ ကျော်ကို စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်း၊ မင်္ဂလာဒုံတွင်လည်း စစ်တပ် လုံခြုံရေး အတွက် ဆိုင်ခန်း ၁၀၀ နီးပါးကို ဖျက်သိမ်းရန် စစ်တပ်က အမိန့်ထုတ်

Must read

မကွေးလေတပ်စခန်း ဘေးရှိ အောင်ဇေယျာရပ်ကွက်မှ အိမ်ခြေ ၁၀၀ ကျော်ကို စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်း၊ မင်္ဂလာဒုံတွင်လည်း စစ်တပ် လုံခြုံရေး အတွက် ဆိုင်ခန်း ၁၀၀ နီးပါးကို ဖျက်သိမ်းရန် စစ်တပ်က အမိန့်ထုတ်

ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်း မကွေးမြို့ အောင်ဇေယျာရပ်ကွက် အထူး ၁ လေတပ်စခန်း ခြံ စည်း ရိုးဘေးတွင် နေထိုင်လျက်ရှိသည့် အိမ်ခြေ ၁၀၀ ဝန်းကျင်ကို စစ် ကောင် စီဝင် များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပူးပေါင်း၍ အဓမ္မဖယ်ခိုင်း၍ အခက် တွေ့ နေ ကြ ကြောင်း အောင်ဇေယျာရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောကြားသည်။

” မကွေးလေတပ်ဘေးက အိမ်တွေ၊ NLD တွေမို့ ဖယ်ခိုင်းတာပါ။ စစ်တပ်နဲ့ ပြေ လည်သူ ၁၀ ဦးလောက်ပဲရှိပါတယ်။ မဖယ်ခိုင်းထားတာ။ အားလုံးက အခက် အခဲ ကျပ်တည်း နေတဲ့ အချိန် ဒုက္ခ ရောက်ကြပါတယ်။ ဒီနေ့ စာထွက်တယ်။ ၄ လပိုင်း ၃ ရက်နေ့ နောက်ဆုံးထား ဖယ်ခိုင်းပါတယ်။အခုဆိုရင် ငိုတဲ့သူတွေကငို တော်တော် စိတ်သောက ရောက်နေကြပါတယ်” ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ ပြည်သူတစ်ဦးက ပြောပြသည်။

စစ်တပ်က ဖယ်ရှားခိုင်းသည့် နေအိမ်များတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေ အိမ် မှာ မပါဝင်ဘဲ ကျန် ပြည်သူများကိုသာ ရွှေ့ခိုင်း ခြင်း ဖြစ်ကြောင်း ရပ်ကွက် နေပြည် သူများထံမှ သိရှိရသည်။

အလားတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံကားဝင်းဘေးရှိ ဆိုင်ခန်း ၁၀၀ နီးပါးကို စစ်တပ်က လုံခြုံရေး အကြောင်းပြ၍ မတ်လ ၂၈ ရက်နေ့ နောက် ဆုံး ထား ဖယ်ရှားခိုင်းကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

“မင်္ဂလာဒုံကားဝင်းဘေးကဆိုင်ခန်းတွေ မတ် ၂၈ ရက်နေ့ အပြီးရွှေ့ ခိုင်းထား တယ်။ စာကိုလည်း ၂၇ ရက်နေ့မှကပ်ပို့မယ်။ ၂၈ ရက်နေ့မပြီးရင် ဆက်ပြီး ဖျက်ဆီးရမယ့် ဆိုင်ခန်းတွေအတွက် ဖျက်ဆီးမယ့် ယန္တရားငှားခကို ဆိုင်ရှင် တွေက ကြာသလောက်အချိန်ကိုစုရှင်းပေးဖို့ စစ်တပ်က အမိန့်ပေးထားတယ်။ EPC ကတော့ ဆိုင်ခန်းက မီတာတွေလိုက်ဖြုတ်နေပြီ။ ဆိုင်ခန်းတွေကို ပြည်သူတွေက လွန်ခဲ့တဲ့ ၁၀ နှစ်က သိန်းနှစ်ရာကျော် သိန်းသုံးရာကျော်တွေနဲ့ ရောင်း လို့ဝယ်ထားတာ။ မတ်လ ၂၈ ရက်နေ့ နောက်ဆုံးဖျက်ခိုင်း တယ်။ မဖျက်ပေးရင် ဖျက်ဆီးမယ့် ယန္တရားငှားရမ်းခကို ဆိုင်ခန်းပိုင်ရှင်တွေက ပေးရ မယ်လို့ ပြောတယ်။ မပေးချင်ရင် ကိုယ့် ဆိုင်ခန်း ကိုယ်ဖျက်ခိုင်းနေတယ်” ဟု မင်္ဂလာဒုံမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူပိုင် ရပ်ကွက်၊ နေ အိမ် များကို အတင်းအဓမ္မ ဖျက်သိမ်းမှုများ ကို ဥပဒေမဲ့ တောက်လျှောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် မင်္ဂလာဒုံ ကားဝင်း ဘေးမှ ဆိုင်ခန်းများကို ဖျက်သိမ်းနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article