မလေးရှားနိုင်ငံရှိ ပြည်ပထောက်ပို့အဖွဲ့မှ မီးဘေး စစ်ဘေးသင့်ပြည်သူများကို ကူညီရန် အရေးပေါ်အစည်းအဝေးပြုလုပ်
ရန်ကုန်၊ မတ် ၂၆
မလေးရှားနိုင်ငံ ဂျိူဟိုးစိနိုင်း ၂၂၂၂၂ လုံး ပြည်ပထောက်ပို့အဖွဲ့မှ မီးဘေး စစ်ဘေးသင့်ပြည်သူများကို ကူညီရန် အရေးပေါ်သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့ မတ်လ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီဆောင်ရွက်ရာတွင် အကောင်းမွန်ဆုံးနှင့် ထိရောက်မှုရှိသော ကူညီမှုများလုပ်ဆောင်နိုင်ရန်အပြင် ကျန်းမာရေးစောင့်ရှောက်မှုများ ၊ပညာရေးအတွက် ထောက်ပို့မှုများ၊ CDMဝန်ထမ်းများကို ထောက်ပံ့မှုများနှင့် တော်လှန်ရေးအဖွဲ့များသို့ ကူညီထောက်ပို့မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။