22 C
Yangon

ဖရူဆိုရှိ ခမရ ၄၂၈ ဂိတ်စခန်းကို KNDF ဝင်ရောက်ပစ်ခတ်၊ စစ်သား အနည်းဆုံး ၂ ဦးသေဆုံးနိုင်၊ အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၂၇

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ ၏ ဂိတ်စခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် စနိုက်ပါများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရနိုင်ကြောင်း သတင်းရရှိသည်။

KNDF တပ်ရင်း ၄ နှင့် တပ်ရင်း ၈ တပ်ဖွဲ့များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂ မိနစ်တွင် ခမရ ၄၂၈ ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများ အီနာဂါ ဗုံးသီးများဖြင့် မိနစ် ၅၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် KNDF တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – KNDF တပ်ရင်း ၄ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article