ရန်ကုန်လေဆိပ်တွင် Taxi ဆွဲခွင့်ကို စစ်တပ်က ပိတ်ပင်လိုက်ပြီး စင်ကာပူ Grab ကုမ္ပဏီကိုသာ ကားဆွဲခွင့်ပေး၊ လေဆိပ် Taxi ကား ၅၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်
ရန်ကုန်၊ ဧပြီ ၃
ရန်ကုန်လေဆိပ်တွင် Taxi ဆွဲခွင့်ကို စစ်တပ်က ပိတ်ပင်လိုက်ပြီး စင်ကာပူ Grab ကုမ္ပဏီကားများကိုသာ ကားဆွဲခွင့်ပေးတော့ကြောင်း Taxi ယာဥ်မောင်းများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဧပြီလ ၃ ရက်နေ့မှ စတင်ကာ ရန်ကုန်လေဆိပ်တွင် Taxi ဆွဲခွင့်လိုင်စင်ကို အကြမ်းဖက် စစ်တပ်က Grab ကုမ္ပဏီကိုသာ ဆွဲခွင့်ပေးသောကြောင့် လေဆိပ် Taxi ကား ၅၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ကာ လက်ရှိချိန်တွင် Silent သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်လေဆိပ်တွင် Flying swallow ၊ ရွှေလွန်းပျံ ၊ Royal Golden Brothers and friends နှင့် Parami စသည့် Taxi ယာဥ်လိုင်းများလည်း ပြေးဆွဲလျက်ရှိပြီး လက်ရှိချိန်တွင်
အကြမ်းဖက် စစ်တပ်က Grab ယာဥ်လိုင်း ကုမ္ပဏီကိုသာ လေဆိပ်၌ ပြေးဆွဲခွင့် ပေးတော့ကြောင်း သိရသည်။
” Grab က စကစ ခွေးတွေ နဲ့ပေါင်းပါပြီ ရန်ကုန်တိုင်း တိုင်းမှူးက GRAB ယာဥ်လိုင်းကိုသာ ပြေးဆွဲခွင့် ပေးတဲ့အတွက် Taxi သမားတွေ ဒီနေ့ Silent သပိတ်လုပ်နေပါတယ်။ ကားအရေအတွက် ၅၀၀ ကျော်ပါတယ်” ဟု Taxi ယာဥ်မောင်း တစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် Grab ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရရှိပေ။