24 C
Yangon

ပုလဲတွင်အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံး

Must read

ပုလဲတွင်အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်သားများ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူး တစ်ဦး၊ ဒုဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း ရိုးမရာဇာ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က ပုလဲမြို့နယ်၊ မင်းတိုင် ပင်ရွာနောက်ဘက်သို့ ရှေ့ပြေးကင်း အဖြစ် ထွက်လာသော အ ကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကိုက် ၁၀၀ အတွင်း အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးပြီးနောက်မှကပ်ပါလာသောအကြမ်း ဖက်စစ်တပ်မှ ပစ်ကူပေးကာတက်လာသဖြင့် သေနတ်ကောက်နိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ကိုက် ၁၀၀ အတွင်းအနီးကပ် လက်ဦးမှုရယူပစ်တိုက်ခိုက်နိုင်တဲ့အတွက် ခွေး ၅ ကောင်ချက်ချင်း သေတယ်၊ နောက်ကနေ တက်လာတဲ့ခွေးတွေအများကြီးဆိုတော့ ကာပစ်နဲ့ ဆုတ်ခဲ့ရတာ၊ လက်နက်တွေ မကောက်နိုင်ခဲ့ဘူး၊ ခွေးတွေက အုပ်လိုက်ကြီးတက်လာတာဆိုတော့ ကျည်ရှောင်ရင်း ရေကန်က တန်းနဲ့ ဆောင့်မိတဲ့ ရဲဘော်တစ်ဦးကတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်၊ ကျန်တာတော့အထိအခိုက်မရှိခဲ့ပါဘူး” ဟု ရိုးမရာဇာ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂ ရက်နေ့လည် ၁ နာရီခန့်ကလည်း မင်းတိုင် ပင်ရွာမှ နှောကံရွာဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို အနီးကပ်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးမင်းမြတ်သူအပါအ ဝင် ၂ ဦးသေဆုံးပြီး MA 3 သေနတ် ၂ လက်၊ ဖုန်း ၂ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန် လမ်းဟိုဘက်ခြမ်းဒီဘက်ခြမ်းနှစ်ဖက်ညှပ်ပစ်ခဲ့တာ၊ ကျနော်တို့က စပစ်တာမဟုတ်ဘူး၊ သူတို့က စပစ်တာ၊ ကျနော်တို့ရဲဘော်တစ်ဦးလည်း သေနတ်တစ်ချက် ဟိုဘက်ဒီ ဘက်ပေါက်ထွက် သွားတယ်၊ အခုတော့ မစိုး ရိမ်ရတော့ပါဘူး၊ သေနတ် ၂ လက်၊ ကျည်ဘောက်နှစ်ခု၊ ဖုန်းနှစ်လုံးနဲ့ ဆွဲကြိုးအတု ၂ ကုံးလဲ သိမ်းရရှိဲ့ပါတယ်” ဟု ရိုးမရာဇာတပ်ဖွဲ့မှ တပ်ခွဲမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

ဧပြီလ ၁ ရက်နေ့ကလည်း ပုလဲမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အရှေ့ဘက်သို့ ကင်းလှည့်လာသော အကြမ်းဖက် စစ်သား ၁၁ ဦးကိုဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဒု ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ရိုးမရာဇာ တပ်ဖွဲ့၊ တပ်ခွဲ ၂ ကိုညိုကြီးတပ်ဖွဲ့၊ ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၀ တပ်ရင်း၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ ပုလဲ တပ်ရင်း ၈၊ တပ်ရင်း ၉ ၊ PLA တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article