မကွေးတိုင်းမှ စစ်သားနှင့်ရဲ ၇ ဦး လက်နက် အပြည့်အစုံဖြင့် အလင်းဝင်လာပြီး တစ်ဦးလျှင် ငွေကျပ် ၁၀၆ သိန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၄၂ သိန်းချီးမြှင့်
ရန်ကုန်၊ ဧပြီ ၃
မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲ ၄ ဦး၊ ပခုက္ကူ တပ်မ ၁၀၁ မှ စစ်သား ၃ ဦး လက်နက် အပြည့်အစုံဖြင့် အလင်းဝင်သဖြင့် တစ်ဦးလျှင် ငွေကျပ် ၁၀၆ သိန်းဖြင့် ငွေကျပ် ၇၄၂ သိန်းချီးမြှင့်လိုက်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပခုက္ကူ တပ်မ ၁၀၁ မှ ပြည်သူ့စစ်သား ၃ ဦး နှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည့်သူရဲ ၄ ဦးတို့သည် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ယခင်က ချိတ်ဆက်ထားသော တပ်တွင်း ကိစ္စရပ်များ အရ အလင်းဝင်ရောက်လာပြီး တစ်ဦးလျှင် အလှူငွေကျပ် ၁၀၆ သိန်းကျပ်စီဖြင့် စုစုပေါင်း ၇၄၂ သိန်းကျပ်ကို မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လင်္ကျာအဖွဲ့က ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။