25 C
Yangon

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ရှာဖွေစစ်ဆေးစဥ် ရွှေကချင် ယာဥ်လိုင်းပေါ်မှ ရဲဝတ်စုံနှင့် စကားပြောစက်များ သိမ်းဆည်းရမိ

Must read

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ရှာဖွေစစ်ဆေးစဥ် ရွှေကချင် ယာဥ်လိုင်းပေါ်မှ ရဲဝတ်စုံနှင့် စကားပြောစက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ရွှေကချင် ယာဥ်လိုင်းပေါ်မှ ရဲဝတ်စုံနှင့် စကားပြောစက်များ သိမ်းဆည်းရမိခဲ့​ကြောင်း ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် ခင်ဦးမြို့နယ် ပကဖမှ ဦးဆောင်ပြီး ဒေသ ကာကွယ်ရေးအဖွဲ့များနှင့် ကြိုတင် စောင့်ဆိုင်း ရှာဖွေစစ်ဆေးစဥ် ရွှေကချင် မုံရွာ-မြစ်ကြီးနား အမြန်မှန် လုံကားပေါ်၌ ရဲတပ်ဖွဲ့ ဝတ်စုံ အသုံးအဆောင်နှင့် စကားပြောစက်များ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ပစ္စည်း စာရင်းကို ထုတ်ပြန်မည် မဟုတ်ကြောင်း၊ ကားသမားနှင့် ခရီးသည်များကို ဆက်လက် စစ်ဆေးပြီး ကားသမားကို ခံဝန်ထိုးခိုင်းကာ အားလုံး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

” ခင်ဦးမြို့နယ် ပကဖ က ဦးဆောင်ပြီး ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ ကြိုတင်စောင့်ဆိုင်းရှာဖွေစစ်ဆေးစဥ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းမှာ

ရွှေကချင် မုံရွာ-မြစ်ကြီးနား အမြန် မှန်လုံကားပေါ်ကနေ စစ်ခွေး လက်အောက်ခံ ရဲတပ်ဖွဲ့ဝတ်စုံ အသုံးအဆောင်တွေနဲ့ စကားပြောစက်တွေ သိမ်းဆည်းရမိတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်း အရေအတွက်ကို အသေးစိတ်မထုတ်ပြန်ဘူး။ ကားသမားကိုတော့ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article