29 C
Yangon

ရွှေဘိုတွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပေါင်းတည်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲများ မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ

Must read

ရွှေဘိုတွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပေါင်းတည်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲများ မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၁ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ ကညန ရုံးတွင် ကင်းစောင့်နေသည့် စစ်သားများနှင့် မြို့ရှောင် လမ်းပေါ်ရှိ စစ်တပ် ကင်းပုန်းများကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ ၁ Naungyoe Army နှင့် ရွှေဘိုကျားကြီးအဖွဲ့တို့မှ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေး ၁ ကောင်သေတယ်လို့ သိရတယ်။ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာတော့ မဟုတ်ဘူး။ နောက်ကနေတအား ပစ်နေလို့ အမြန် ပြန်ဆုတ် ခဲ့ရပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ တောင်ဘိုလှအုပ်စု၊ သရက်ချဉ်ရွာနှင့် နတ်ပုတီးရွာကြားတွင် ဘုရားပွဲမှ ဆတ်ကြေး ကောက်ပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂ ရက် ည ၉ နာရီခန့်က တောင်ဘိုလှအုပ်စု၊ လယ်ပြင်ဘုရားပွဲအတွင်း ပြုလုပ်နေ သည့် လောင်းကစားဝိုင်းများမှ ဆက်ကြေးယူ၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပေါင်းတည်မြို့မရဲစခန်းမှ ရဲတပ်ဖွဲဝင်၇ ဦးပါ ဆိုင်ကယ် ၅ စီးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲအခြေ အနေကို စုံစမ်းအတည်ပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF ( ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသော ရဲတပ်ဖွဲ့ဝင် ၃ ဦး ကို သရက်ချဉ်ရွာမှ လူနာတင်ယာဉ်ဖြင့် ပြည်ဘက်သို သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်နှင့် ၎င်းတိုနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article