29 C
Yangon

ခရမ်းမြို့ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ခရမ်းမြို့ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ ခရမ်းမြို့ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ခရမ်းမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီီ ၂၀ မိနစ်နှင့် ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကရင်ကန် စစ်ဆေးရေးဂိတ်နှင့် သစ်တော စစ်ဆေးရေးဂိတ်ရှိ စစ်သားများကို PDF Khayan တပ်ဖွဲ့က ၄၀ မမ ဖြင့်ပ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ဒီနေ့ညနေ ကရင်ကန်ဂိတ်နဲ့ သစ်တောဂိတ်က စစ်ခွေးကို ၄၀ မမ နှစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ထိခိုက်မှုများမယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်အောင်မြင်မြင်ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကရင်ကန်ဂိတ်ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် နေရာတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ အလောင်းကို ပြန်ကောက်ရာတွင် စစ်တပ်ဘက်မှ စက်သေနတ်ပစ်ကူများ၏ အကူအညီနှင့် ပြန်ကောက်ခဲ့သည်ဟု အနီးအနားရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရကြောင်း ခရမ်းမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article