33.8 C
Yangon

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု နေအိမ် ၃ လုံး ထိမှန်ပျက်စီးပြီး ပြည်သူ ၃ ဦးဒဏ်ရာရ

Must read

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု နေအိမ် ၃ လုံး ထိမှန်ပျက်စီးပြီး ပြည်သူ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၅

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု နေအိမ် ၃ လုံးထိမှန် ပျက်စီးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူပိုင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကာ ပြည်သူ ၃ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်တာ ပြည်သူပိုင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးတယ်။ လက်နက်ကြီးစထိမှန်သူ ၃ ဦးရှိတယ် အမျိူးသား ၂ ဦးနဲ့ အမျိူးသမီး ၁ ဦး အားလုံးမစိုးရိမ်ရပါဘူး။ ကားနဲ့ ဆိုင်ကယ်အချိူ့လည်း ပျက်စီးတာတွေရှိတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article