20 C
Yangon

ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာ စစ်ဘေးရှောင် ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် ရေ အထူးလိုအပ်နေ

Must read

ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာ စစ်ဘေးရှောင် ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် ရေ အထူးလိုအပ်နေ

ရန်ကုန်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင် ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင် လာကြောင်း ထိုင်းသတင်းရင်းမြစ်များနှင့် စစ်ဘေးရှောင်ပြည်သူတချို့ထံမှ သိရှိရသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်မှစတင်ပြီး မြ၀တီမြို့နယ်၊ ရွှေ က္ကိုလ် ဒေသရှိ စစ်တပ်လက် အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာများအနီးတွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်များ နှင့် စစ်တပ်၊ BGF တပ်များ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ BGF စခန်း ၂ ခုကို တော်လှန်ရေး အဖွဲ့များက သိမ်းပိုက် လိုက်ကြောင်း သိရှိရသည်။

တိုက်ပွဲ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ရွှေက္ကိုလ်ဒေသရှိ ကျေးရွာများမှ ပြည်သူ များ အားလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာကြပြီး ထိုင်း စစ်တပ်နှင့် အာဏာပိုင်များက ကူညီပေးနေကြောင်း၊ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ယာယီ ရွက်ဖျင်တဲများ စီစဉ်ပေးနေကြောင်း သိရှိရသည်။

“အခု လူတွေက ကွဲထွက်သွားတယ်။ Ban Huai Bong Moo 8 မှာ လူ ၄၀၀ ၊ Ban Wang Pha မှာ လူ ၁၅၀၀ ကျော် နှစ်နေရာ စစ်ဘေးရှောင်တွေ ရှိနေ တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီပေးတာတွေ ရှိနေတယ်။ လိုအပ် ချက်က တော့ အရမ်းပူတော့ ရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတချို့လိုနေတယ်” ဟု ထိုင်း ဘက် ခြမ်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။

ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ် သော ရေနှင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ လှူဒါန်း ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article