29.6 C
Yangon

ဘုတလင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒါန်းတိုင်ကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

ဘုတလင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒါန်းတိုင်ကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဒါန်းတိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့ မနက် ၄ နာရီ၀န်းကျင်မှာ ၀င်ရောက် ပစ်ခတ် စီးနင်း ခဲ့တာ ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဘုတလင်မြို့မရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၆၀ ၀န်းကျင်ဟာ ဒါန်းတိုင်ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ် ၀င်ရောက် စီး နင်း ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“မနက် ၄ နာရီလောက် ၀င်လာတာဗျ။ အဲ့ဒီမှာပြေးဖို့လုပ်ကြရင်း ကားမီးမြင် သွားတော့ လှမ်းပစ်လိုက်တာ။ တစ်ယောက်က နေရာမှာတင်ဆုံးသွားတယ်၊ နောက်တစ်ယောက်က နောက် ကျောဘက်မှန်တာ၊ ပြီးတော့ မိန်းကလေး ၁ ယောက်ကလက်နက် ကြီးကျည်စ ခြေထောက်မှန်တာ”လို့ ဒါန်းတိုင်းကျေးရွာခံ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်လို့ သေဆုံးခဲ့သူဟာအသက် ၃၀ ကျော်အရွယ် ကိုမင်းအေးဆိုသူဖြစ်တယ်လို့ သိရပါတယ်။ ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ အမျိုး သား နဲ့ အမျိုးသမီးကိုတော့ ကျေးရွာကပြန်လည်ကယ် ယူ ထားနိုင် ခဲ့ပေမယ့် အသက် ၄၀ ၀န်းကျင်အရွယ်အမျိုးသား ၄ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒဏ်ရာရတဲ့ ၂ ယောက်က ပါမသွားဘူး။ကယ်နိုင်လိုက်တယ်။‌အမျိုးသား ကနောက်ကျောမှန် တာ။မိန်းကလေးက ပေါင်မှန်တာ။ သူကဖြတ်ရ မလား တော့ မသိသေးဘူး”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ဘုတလင်မြို့ နယ် ဒါန်းတိုင် ကျေးရွာကိုစစ်ကောင်းစီတပ်ဖွဲ့က ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့ တာ ကြောင့် ကွယ်ရေးတပ်ဖွဲ့၀င် ၃ ဦးသေ ဆုံးခဲ့ပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article