ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်း ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရ
ရန်ကုန်၊ ဧပြီ ၁၀
ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာ ပိန်းကန်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို ဧပြီလ ၁၀ ရက်နေ့ တွင် ၈၁ မမ ရှော့တိုက်လက်နက်ကြီးဒုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF Khayan) က သတင်းထုတ်ပြန်သည်။
“ပိန်းကန်ရဲစခန်းကို ၈၁ မမ ရှော့တိုက်နဲ့ ထပ်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းအလယ်တည့်တည့်ကို ကျသွားတယ်။ ထိခိုက်မှုတွေ ရှိနိုင်တယ်” ဟု ခရမ်း PDF မှ တာဝန်ရှိသူက ပြောကြားသည်။
ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF Khayan) သည် ပိန်းကန်ရဲစခန်းကို ဧပြီလ ၉ ရက်နေ့တွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင်မူ စစ်ကောင်စီဝင် ၃ ဦးသေကာ ၅ ဦး ယမ်းစိမ်းပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယနေ့ ဧပြီလ ၁၀ ရက်နေ့ တိုက်ခိုက်မှုတွင်မူ ထိခိုက်သေဆုံးမှု မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
