တနင်္သာရီ၊ သဲဖြူကျေးရွာတွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး ခဲယမ်းများနှင့် ယူနီဖောင်း အများ အပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဧပြီ ၁၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ ဝင်ရောက်တပ်စွဲသော အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ခဲယမ်း များနှင့်ယူနီဖောင်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း တနင်္သာရီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။
သဲဖြူကျေးရွာကို မတ်လ ၂၈ ရက်နေ့မှစတင်ပြီး စစ်တပ်စစ်ကြောင်းက ဝင် ရောက် တပ်စွဲခဲ့ကြောင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် တနင်္သာရီ ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက အဆိုပါစစ်ကြောင်းကို ပူးပေါင်း တိုက်ခိုက် ခဲ့ရာ တိုက်ပြင်းထန်ခဲ့ ပြီး စစ်ကြောင်းမှာ ထွက်ပြေး ဆုတ်ခွာသွား ကြောင်း သိရ သည်။
ထိုသို့ အကြမ်းဖက်စစ်သားများဆုတ်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များက ဝင်ရောက်ပြီး နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်တပ်မှ သုံးစွဲပြီးနှင့် ကျန်ရှိနေခဲ့သော ခဲယမ်းအချို့၊ စစ်ယူနီ ဖောင်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲကာလအတွင်း သံဖြူကျေးရွာမှ ခရစ် ယာန်ဘုရားကျောင်းနှင့် လူနေအိမ်အချို့ကို ဖျက်ဆီးသွားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်း ထန် ထန် တုန့်ပြန်တိုက် ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များ ကို သတိပြု လိုက်နာ ပေးကြပါ ရန် အသိပေးချက် ထုတ်ပြန်ထားသည်။