ကနီမြို့နယ် တွင် စစ်အာဏာရှင်တော်လှန်ရေး အောင်ပွဲသင်္ကြန် ပြုလုပ်
ရန်ကုန်၊ ဧပြီ ၁၅
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး အောင်ပွဲသင်္ကြန် ပြုလုပ်ကြောင်း ကနီမြို့နယ် ဒေသပြည်သူများထံမှ သိရှိရသည်။
ကနီမြို့နယ်မှ ဒေသခံပြည်သူများဦးဆောင်၍ ပြုလုပ်သော စစ်အာဏာရှင် တော် လှန်ရေး အောင်ပွဲသင်္ကြန်တွင် PDF တေးသီချင်းများ၊ တော်လှန် ရေး တေး သီချင်းများ ၊ တော် လှန်ရေးသံချပ်များဖြင့် ပြည်သူလူထု သွေးမအေးဘဲ စည်းလုံးညီညွတ်ကြရန် ကပြ စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း သိရှိရသည်။