ခရမ်းတွင် ရဲ ၂ ဦးသေဆုံးသည့် တိုက်ခိုက်ခံရမှုအပြီး ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင် မီးပွားနေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၁၅
ရန်ကုန်တိုင်း၊ ခရမ်းမြို့ပေါ်ရှိ ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင်ကိုမီးပွား (အမည်အရင်း မဟုတ်ပါ)၏ နေအိမ်ကို အ ကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF-Khayan တပ်ဖွဲ့က ပြောသည်။
ယနေ့ ဧပြီလ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ခရမ်းမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ချိတ်ပိတ်ကာ အတွင်း ရှိ ပစ္စည်းများအားလုံးကို အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ခိုးယူထားပြီး ကျန်ရှိနေ သော နေအိမ်ကို အကြမ်းဖက်စစ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၁၄ ရက် နေ့က ခရမ်းမြို့နယ် လဝကရုံးရှေ့၌ ဂိတ်ဖွင့်ထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများစောင့်နေသည့် ဘန်ကာကို PDF-Khayan တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ သေနတ် ၂ လက်သိမ်းဆည်းခံလိုက်ရ သည့်အပေါ် မကျေမနပ်ဖြစ်သည့်အတွက် ရဲနှင့်စစ်တပ်က ထို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြို့ဝင်အထွက်များကို ပိတ်ဆို့ပြီး ဘေးတွဲဆိုင်ကယ်၊ လျှပ်စစ် စက်ဘီးများပါမကျန် ဖမ်းဆီးပြီး စီးနင်းခွင့်ပိတ်ပင်ခဲ့ကြောင်း PDF – Khayan တပ်ဖွဲ့က ထုတ်ပြန်ထား သည်။
ထိုကဲ့သို့ အသိဉာဏ်တရားကင်းမဲ့စွာ ချိတ်ပိတ်ထားသည့် နေအိမ်ကိုပင် မီးရှို့ဖျက်ဆီးနေသော အကြမ်း ဖက်စစ်တပ်အား PDF – Khayan အနေဖြင့် နောက်ဆုတ်လက်လျှော့သွားမည်မဟုတ်ဘဲ တစ်တိုင်းပြည် လုံးရှိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။