အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၁၈
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“နှစ်သစ်နဲ့အတူ လူယုတ်မာ စစ်ဘီလူးများ ကျရှုံး၍ ပြည်သူပြည်သားတွေ ကောင်းခြင်းများစွာတိုးပွားကြပါစေ” စာတန်း ကိုင်ဆောင်ကာ ဆရာတော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။



