26.3 C
Yangon

မင်းတပ်၊ တိုက်နယ် ၂ ကို စစ်တပ်က ယနေ့ ညပိုင်းတွင် ဂျက်ဖိုက်တာ ဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်

Must read

မင်းတပ်၊ တိုက်နယ် ၂ ကို စစ်တပ်က ယနေ့ ညပိုင်းတွင် ဂျက်ဖိုက်တာ ဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၈

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း CDF-Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

” အကြမ်းဖက် စစ်ကောင်စီက ဒီနေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်မှာ မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက်ကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ​ပြန်လည် လာရောက်တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု CDF-Mindat မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြို့နယ် ပန်းပါရွာကို ပစ်ခတ် တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article