25 C
Yangon

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် မီးပြတ်တောက်မှု အလွန်ဆိုးရွား၊ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်ဟုဆိုသော်လည်း မလာသည်က များပြား

Must read

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် မီးပြတ်တောက်မှု အလွန်ဆိုးရွား၊ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်ဟုဆိုသော်လည်း မလာသည်က များပြား

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း မီးပြတ် တောက်မှု အခြေအနေ အလွန်ဆိုးရွားလာနေပြီး စစ်ကောင်စီဘက်ကမူ ၄ နာရီ ခြား မီးပေး၊ မီးဖြတ်စနစ်ဖြင့် အလှည့်ကျ မီးပေးလျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုသော်လည်း လျှပ်စစ်မီးမလာသည်က များပြားနေကြောင်း မြို့နေပြည် သူများက ပြောဆိုသည်။

သင်္ကြန်ကာလအတွင်း မီးအနည်းငယ် မှန်ခဲ့သော်လည်း သင်္ကြန်ပြီးနောက်ပိုင်း မီးပြတ်မှု အခြေအနေမှာ အလွန်ဆိုးဝါးလာကြောင်း မန္တလေးမြို့ခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

“ဒီရက်ပိုင်း မန္တလေးမြို့မှာ လျှပ်စစ်မီး ဆိုးဆိုးဝါးဝါးပျက်နေပြီ ။ တစ်ညလုံး မှာ ၂နာရီပြည့် အောင်မလာတော့ဘူး။ ညနေ ၄နာရီက မီးပျက်သွားပြီး ည ၉နာရီ မီးလာတယ်။ ည၁၂နာရီမထိုးခင်ပျက် သွားပြီး မနက်၆နာရီလာတယ်၊ မနက် ၈ နာရီ မထိုးခင် ပျက်သွားပြန်တယ်။ ပေးချင်သလိုပေး၊လာချင်သလိုလာ၊ မီးလာပြန် တော့လည်း အီးတစ်ပေါက်၊ စစ်ခွေးတွေနေတဲ့ နန်းတွင်း အတွင်း ထဲကျ ၂၄နာရီ မီးမပျက်ဘူး၊ အခွင့်ထူးခံစစ်ခွေးတွေကို စောက်သည်း ပေါက် တယ်။ ပြည်သူတွေကျ ဘယ့်နှယ် နေနေ ဆိုပြီး လစ်လျူရှုထားတယ်” ဟု မန္တလေးမြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း လျှပ်စစ်မီး ပြတ် တောက် မှု အခြေအနေ အလွန်ဆိုးဝါးလွန်းလှကြောင်း၊ ၄ နာရီ အလှည့်ကျ မီးဖြတ် မီးပေးစနစ်ကို ကျင့်သုံးသည်ဟုဆိုသော်လည်း ညပိုင်းအချိန်များတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်လာနေကြောင်း သိရှိရသည်။

“ကျနော်တို့ကို အုပ်စုလိုက် မနက် ၅ နာရီကနေ မနက် ၉ နာရီ တချို့ အုပ်စု တွေက မီးပိတ်ပြီး တချို့ အုပ်စုတွေက မီးလာမယ်။ ပြီးရင် နံနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိ တစ်ကြိမ် အုပ်စုတွေကို ပိတ်တဲ့သူက မီးပိတ်၊ ရတဲ့သူကို မီးပေးမယ်။ အုပ်စုအလိုက်ပဲ။ နောက်တစ်ခါ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ အလှည့်ကျ မီးလာသူက လာမယ်။ မီးဖြတ်ခံရသူက အဖြတ်ခံရမယ်။ နောက်တစ်ခါ ညနေ ၅ နာရီကနေ ည ၉ နာရီအထိ အလှည့်ကျ မီးပြတ်သူ ပြတ်မယ်၊ ရသူရမယ်။ ညပိုင်းတွေမှာလည်း မီးမနိုင်ရင်တော့ မြို့နယ်တွေက မဖြတ်ဘူး။ ဓာတ်အားပေးရုံခွဲတွေက ဖြတ်ချတာပါ။ System Break Down ဆိုရင်တော့ အကုန်ပြတ်မှာပါ” ဟု ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေး ဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ခံတစ်ချို့ကလည်း လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေမှာ လာချိန်လည်း ပြတ်၊ ပြတ်ချိန်လည်း ပြတ်ဖြစ်နေပြီး တစ်နေ့လျှင် ပျှမ်းမျှ ၄ နာရီခန့်သာ မီးရရှိတော့ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article