24 C
Yangon

ပေါက်ခေါင်းမြိုနယ်တွင် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနေသော စစ်ကောင်စီ ခန့် သဖန်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါက်ခေါင်းမြိုနယ်တွင် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနေသော စစ်ကောင်စီ ခန့် သဖန်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်၊ သဖန်းကိုင်းကျေးရွာအုပ်စု၊ သဖန်း ကိုင်း ကျေးရွာမှ ကျေးရွာသူ/သားများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအေးနိုင် ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း ပဲခူး PDF က တရားဝင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သဖန်းကိုင်းရွာနှင့် ကြိုပင်ဝိုင်းရွာကြား လမ်းမပေါ်တွင် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF၊ ပြည် ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ) က အုပ်ချုပ်ရေးမှူးအေးနိုင်ကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ နေရာမှာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးအေးနိုင်သည် အကြမ်းဖက်စစ်ကောင်စီ လက် အောက်တွင် တာဝန်ထမ်းဆောင်နေသူ စစ်ဗိုလ်တစ်ဦး၏ ဖခင်ဖြစ်ပြီး ကျေးရွာသူ/သားအပေါ် အနိုင်ကျင့်ဗိုလ်ကျရုံတင်မကဘဲ ၎င်း၏အိမ်တွင် အရက် ဆိုင်ဖွင့်ထား၍ စစ်ကောင်စီတပ်ဖွဲနှင့် ရဲတပ်ဖွဲတိုကို အပတ်စဉ် စားဝိုင်း သောက်ဝိုင်းများ ပြုလုပ် ကျွေးမွေးဧည့်ခံနေသူ ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သမချေးငွေ၊ စိုက်ပျိုးရေးချေးငွေများနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကို ကိုယ်တိုင်ကိုယ်ကျ အတင်းအဓ္မကောက်ခံ၍ စစ်ကောင်စီထံ ပေးနေသူလည်းဖြစ်သည့်အပြင် ၎င်းသည် ကျေးရွာအုပ်စုအတွင်းရှိ လူငယ် လူရွယ်တချိုကို အကြမ်းဖက်စစ်တပ်ထဲဝင်ရန် စည်းရုံးနေသူလည်း ဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article