25 C
Yangon

ချင်းပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုကျူးလွန်နေသော ဒုဗိုလ်မှူးကြီး နှင့် ပိုင်းလော့များကို အပြစ်ပေးစီရင်နိုင်သူကို သိန်း ၅၀၀ တန်မြေ တစ်ကွက် ချီး မြှင့်မည်ဟု CDF – Mindat ကြေညာ

Must read

ချင်းပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုကျူးလွန်နေသော ဒုဗိုလ်မှူးကြီး နှင့် ပိုင်းလော့များကို အပြစ်ပေးစီရင်နိုင်သူကို သိန်း ၅၀၀ တန်မြေ တစ်ကွက် ချီး မြှင့်မည်ဟု CDF – Mindat ကြေညာ

ရန်ကုန်၊ ဧပြီ ၂၀

ချင်းပြည်နယ်တွင် လေကြောင်းမှတစ်ဆင့် ပြည်သူလူထုအပေါ် တိုက်ခိုက် သတ်ဖြတ်မှုကျူးလွန်နေသော ဒုဗိုလ်မှူးကြီးတစ်ဦးနှင့် အလိုတူ အလိုပါ ပိုင်း လော့များကို အပြစ်ပေး စီရင်နိုင်သူမည်သူ့ကို မဆို ကျပ်သိန်း ၅၀၀ တန် မြေ ကွက်တစ်ကွက်ချီးမြှင့် မည်ဖြစ်ကြောင်း CDF – Mindat က ယမန်နေ့ ကြေညာသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီသည် မင်းတပ်မြို့နယ် ကျေး ရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူ များကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက် ကျူးလွန် လျက် ရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများတွင် ပြည်သူအိုးအိမ်ပျက်စီးမှုများ စွာ နှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက် ခိုက် လျက်ရှိသည့် စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များကို CDF – MINDAT အနေဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

ထိုသို့ စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာ ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေ ယာဉ်မောင်းသူ) ၂ ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်ပြီး အကြမ်းဖက် စစ် ခေါင်းဆောင် မင်းအောင် လှိုင် အထူးအားကိုးသည့် Pilot (လေယာဉ်မောင်းသူ) များဖြစ်ကြောင်း သိရ သည်။

ယင်း Pilot (လေယာဉ်မောင်းသူ) ၂ ဦးမှာ Yak-130 အုပ် စစ်ဆင်ရေး တံတား ဦး၊ နေပြည်တော်၊ မှော်ဘီ ၃ နေရာကို ဦးဆောင်လျက်ရှိသည့် ဒုဗိုလ်မှူးကြီး ၏အုပ်ချုပ်မှု လက်အောက်၌ တာဝန်ထမ်း ဆောင်နေသူများဖြစ်သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒုဗိုလ်မှူးကြီးနှင့် Pilot (လေယာဉ်မောင်းသူ) နှစ်ဦး (သို့) ၎င်းနှစ်ဦးနှင့် အလိုတူ အလိုပါ ပူးပေါင်းသူများကို အပြစ်ပေး စီရင်ကာ သက်သေပြနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကျပ် ၅၀၀၀၀၀၀၀ (ကျပ်သိန်း ငါးရာ) တန်ဖိုးရှိ မြေတကွက်အား ချီးမြှင့်သွားမည်ဖြစ်ကြောင်း Chin Defence Force – Mindat က ကြေညာ ထားသည်။

တံတားဦးလေတပ်စခန်းရှိ Yak-130 တိုက်ခိုက်ရေး လေယာဉ်အုပ်စုသည် ဖားကန့်၊ ကန့်ဘလူ အပါအဝင် ပြည်သူများ အများအပြား သေဆုံးစေခဲ့သည့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများကို ကျူးလွန်ခဲ့ကြသော စစ်တပ်လေအုပ်စု ဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်က Yak-130 တိုက်လေယာဉ်ကို စစ်ဆေး နေစဉ်။ (ပုံအဟောင်းဖြစ်သည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article