ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ထိုမာရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပန်းရံ လုပ်နေသည့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ထိုမာကျေးရွာကို ကလေးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်လို့ ရွာထဲမှာ ပန်းရံ လုပ်နေတဲ့ ပြည်သူ ၂ ဦးသေဆုံးတယ်လို့ သိရတယ်။ လက်နက်ကြီး ၄ လုံးလောက် ရွာထဲကျတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ စစ်ခွေးတွေက ရမ်းပစ်နေတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။