ဆားလင်းကြီးမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၂၂
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများ ပူးပေါင်းကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို မုံရွာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မသပိတ်တို့ ဦးဆောင်ကာ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (ပ.အ.ဖ / ပ.က.ဖ / ပ.လ.ဖ) နှင့် အတူကျေးရွာ (ပ.အ.ဖ/ ပ.က.ဖ / ပ.လ.ဖ) များ၏ ပူးပေါင်းမှုဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။