26 C
Yangon

ခန္တီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

ခန္တီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း ခန္တီးမြို့ နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း ကျောက်ပန်း တောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန် ရေး တပ်ဖွဲ့များက ပြောဆိုသည်။

ဧ‌ပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် စစ်ကိုင်း တိုင်း၊ ခန္တီးမြို့နယ်၊ ရွှေမြင့်မိုရ်ကျေးရွာနေ ရာအိမ်မှူး သန်းဌေးအောင်သည် နေအိမ်တွင်ရှိနေစဉ် သေနတ်သမား တချို့က လာရောက် ဖမ်းဆီးကြောင်း၊ ရာအိမ်မှူး သန်းဌေးအောင် ကို ​သေနတ်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရွာလယ်လမ်းနတ်စင်ကုန်းအနီး အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်အချိန် စစ်ကိုင်းမြိုနယ် ရွာထောင်ရပ်ကွက်ရှိ နှင်းရွှေရည် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော စိန်ကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုး ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရှိရသည်။

ထို့ပြင်ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ တမ္ပဝတီရပ်ကွက်၊ မူလတန်းကျောင်းအနီးတွင် ၄ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ညွှန့်ဝေ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ သာယာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ညွန့်ဝေ ကို ဆိုင်ကယ်စီးလာသည့် သေနတ်သမား ၂ ဦးက ငါးချက်ပစ်ခတ်သွား သဖြင့် ညွန့်ဝေတွင် ကျည်ထိဒဏ်ရာ(စိုးရိမ်ရ)များရရှိခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article