မင်းကင်း၊ မအူရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီးနောက် စစ်ရဟတ်ယာဥ် ဆင်းကွင်း ၂ ခုပါ ဖျက်ဆီးနိုင်ခဲ့
ရန်ကုန်၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း Minkin People’s Defence Force – MKPDF 2 ထံမှ သိရသည်။
ဧပြီလ ၁၀ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ မအူ ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း စခန်းကို ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်း၊ မင်းကင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် မင်းကင်း PDF အမှတ် ၁၁ တပ်ရင်း အနေဖြင့် နယ်မြေ စိုးမိုးမှုများ ဆက်တိုက် ဆောင်ရွက်နေပြီး အကြမ်းဖက် စစ်တပ်၏ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း ၂ ခုကို အောင်မြင်စွာ ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ထို့ပြင် ယင်း ရှေ့တန်းစခန်းရှိ ကတုတ်ကျင်း၊ ဘန်ကာများအား ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် အချိန်မရွေး တိုက်ပွဲမျာ ဖြစ်ပွားနိုင်သည့် နေရာများအား ရှောင်ရှားကြရန်၊ သတိပေးထုတ်ပြန်ချက်များကို လိုက်နာ ပူးပေါင်းပေးကြပါရန်နှင့် အင်တာနက်အခက်ခဲ၊ လုံခြုံရေး အခြေအနေများ ကြောင့် သတင်းထုတ်ပြန်မှု နှောင့်နှေးခဲ့ခြင်း ဖြစ်ကြောင်း Minkin People’s Defence Force – MKPDF 2 က ထုတ်ပြန်ထားသည်။