28 C
Yangon

ပေါက်နှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်ကြောင်းနှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

Must read

ပေါက်နှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်ကြောင်းနှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အိုင်းမရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ဆပ်နှင့် ဖလံကိုင် နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်က ပေါက်မြို့နယ်၊ အိုင်းမကျေးရွာအနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိပ်တိုက် ရင်ဆိုင်တိုက် ပွဲဖြစ်ပြီး အိုင်းမကျေးရွာသို့ ဆက်လက်ဝင်ရောက်ခြင်းမပြုတော့ပဲ တပ်ဖျောက်သွားကြောင်း၊ အလားတူ လယ်အိုကျေးရွာအနီးသို့ ရောက်နေသော အကြမ်းဖက်စစ်ကြောင်းမှာလည်း တပ်ဖျောက်သွားကြောင်း သိရသည်။

ထို့ပြင် ဖလံကိုင်း နယ်မြေ ရဲစခန်းသို့ ရောက်ရှိလာသည့် အကြမ်းဖက် စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း၊ အဆိုပါတိုက်ခိုက်သူများကို ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲများနှင့် မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၅ ၊ တပ်စိပ် ၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်သား ၆ ဦးသေဆုံးပြီး ၂၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖအဖွဲ့ထံမှ သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ပေါက် ကျေးရွာအနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက သဲဖြူရွာဘက်သို့ မတ်လ ၂၈ ရက်နေ့စပြီး စစ်ကြောင်းထိုးလှုပ်ရှား နေသော အကြမ်းဖက်စစ်သားများမှာ သိန်ခွန်းရွာဘက်သို့ ပြန်ဆုတ်လာစဉ် တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

တိုက်ပွဲဖြစ်ရာနေရာသည် ထုံခါ-မောတောင် နယ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားကြောင်း၊ အလားတူ မြိတ်-တနင်္သာရီ- ဘုတ်ပြင်းလမ်းအပိုင်းကိုလည်း ယခင်တားမြစ်ထားသည့်အတိုင်း ခရီးသွားပြည်သူများ အန္တရာယ်မဖြစ် ပေါ် စေရေး အတွက် သွားလာခွင့်ကို ဆက်လက်ပိတ်ပင်ထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article