ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဧပြီ ၂၇
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာ ကျေးရွာအုပ်စုရှိ ရွာ ၇ ရွာကျော်ကို မုံရွာဘက်မှ လာသည့် အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ဆားလင်းကြီးမြို့နယ်ထဲ စစ်ကြောင်း ဝင်လာလို့ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရတယ်။ အရင်မုံရွာကနေတဲ့ ထိုးလာတဲ့ စစ်ကြောင်းပဲ အခု လာလမ်းအတိုင်း ပြန်တက်လာတာ ဖောင်းကတာ အုပ်စုက ၇ ရွာကျော် စစ်ရှောင် နေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ၎င်းတို့ ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးနှင့် ခရီးသွား ၁ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း စစ်ကြောင်းဖြစ်ကြောင်း သိရသည်။