32 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံရပြီး အမျိုးသမီး ၁၅ ဦး ပါဝင်

Must read

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံရပြီး အမျိုးသမီး ၁၅ ဦး ပါဝင်

ရန်ကုန်၊ ဧပြီ ၂၈

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၄၂ ဦး ဖမ်းဆီးခံရပြီး အမျိုးသမီး ၁၅ ဦးပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဧပြီလ ၂၆ ရက်နေ့ ညပိုင်းတွင် ကန်ချနဘူရီခရိုင် အတွင်းရှိ Song Kalia ရွာ သစ်တောဧရိယာ၌ ထိုင်းစစ်သားများ၊ နယ်ခြားကင်းလှည့်ရဲများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေစဥ် Vajiralongkorn ရေကာတာ အနီးရှိ တောအုပ်အတွင်း၌ မြန်မာ အလုပ်သမား ၄၂ ဦး ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာ အလုပ်သမား ၄၂ ဦးသည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြပြီး ဘန်ကောက်၊ စမွတ်စခွန်၊ ရနောင်း၊ ဖူးခက်၊ စမွတ်ပရာကန် ၊ ချွန်ဘူရီဒေသများတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်၍ လာရောက်ကြသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများကို Covid – 19 ရောဂါပိုး စစ်ဆေးခဲ့ပြီး ပိုးမတွေ့ရှိကြောင်း၊ စန်ခရာဘူရီ ရဲစခန်းသို့ ပို့ဆောင်၍ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်လာရောက် လုပ်ကိုင်ရန် တစ်ဦးလျှင် ကုန်ကျငွေ ထိုင်းဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ပေးဆောင်ရန် သဘောတူခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article