29 C
Yangon

အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အုတ်ဖိုမြို့နယ် ထမ်းပင်ကုန်းရွာ အရှေ့ ဦးနီကုန်းတွင် ဆက်ကြေးကောက်ခံနေသည့် ထမ်းပင်ကုန်းရွာမှ ပျူစောထီးခေါင်ဆောင် မျိုးဝင်းနှင့် အဖွဲ့ဝင် ၇ ဦးကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခြင်းသည် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးခေါင်ဆောင် မျိုးဝင်းနှင့် အဖွဲ့ဝင်များကို သွေးကြွေး ဆပ်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ပျူစောထီး ၂ ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင် မျိုးဝင်း အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ပျူစောထီး ခေါင်းတောင် မျိုးဝင်းဆိုတဲ့ကောင်က CDM ဆရာမလေး မမေဇင်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာပါ။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ မျိုးဝင်းကတော့ ဒဏ်ရာ ပြင်းထန်တယ်။ မသေရင်တောင် ပေါင်ကျိုး နိုင်တယ်။ CDM ဆရာမလေး အတွက် သွေးကြွေး ဆပ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article