31.7 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS
00:08:48

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

 By ရန်ကုန်ခေတ်သစ်  ဒီကနေ့ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရေစကြိုမြို့နယ် ချစ်သူရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၅ ရက်နေ့က ဝင်ရောက်ကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်တွေကပစ္စည်းတွေကို ခိုးယူလုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ - မွန်ပြည်နယ်၊ သထုံခရိုင် တပ်မဟာ(၁)နယ်မြေ...

ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဇူလိုင် ၁၆ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဦးမြို့ ကြာပတ်အဝိုင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ...

နိုင်ငံခြားသားနှင့်မြန်မာဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ် လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်တပ်က သိမ်းယူ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မကြာမီထွက်ခွာပြီး စီးပွားရေး အဆိုးဆုံးဦးတည်မည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၆ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားများ ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်တပ်က လဲလှယ်ပြီး မြန်မာငွေများ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း၊ သီရိလင်္ကာကဲ့သို့ ဖြစ်မည်ကို စစ်တပ်က အထူးစိုးရိမ်ကြောက်လန့်နေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ထံမှ...

ကလေး၊ ကျောက္ကာရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ဖမ်းဆီးနှိပ်စက်သည့် ပြည်သူ ၅၀ ဦးခန့်ကို ပြည်သူ့ ကာကွယ်ရေးတပ်က ကယ်ထုတ်၊ တိုက်ပွဲကြောင့် ပျူစောထီး ၆ ဦးသေဆုံးပြီး ၁၉ ဦးထွက်ပြေး၊ စစ်တပ်လက် အောက်ခံ လုံခြုံရေးအဖွဲ့ များကို စစ်ရေးပစ်မှတ်အဖြစ် ချေမှုန်းမည်ဟု ထပ်မံ သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် PDF က ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ ၅၀ ခန့်ကို ကယ်ထုတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဇူလိုင်လ(၁၄)ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့်...

ရန်ကုန်၊ စမ်းချောင်းမြို့နယ်တရားရုံးကို ဗုံးဖြင့် ပစ်ခတ်သော်လည်း မပေါက်ကွဲ၊ ရွှေပြည်သာ ည/၁၁ ရပ်ကွက်ရုံး ပေါက်ကွဲမှု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ အခိုင်းအစေ ၄ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဇူလိုင် ၁၅ ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်တရားရုံးကို မြို့ပြပျောက်ကျားပူးပေါင်းတပ်ဖွဲ့ ဗုံးဖြင့် ပစ်ခတ်သော်လည်း မပေါက်ကွဲကြောင်း အဆိုပါအဖွဲ့များထံမှ သိရှိရသည်။ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် စမ်းချောင်းမြို့နယ်မြို့နယ်တရားရုံးကို Brave Eagles(UG) အဖွဲ့နှင့် PDF Sanchaungက ပူးပေါင်း၍ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ရာတွင်...

သထုံတွင် မိုင်းဆွဲမှုကို ကြောက်လန့် ထွက်ပြေးသော စစ်ဗိုလ် ကားတိုက်သေ၊ ဝိုင်းမော်တွင် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် ဂိတ်စခန်းကို KIA တိုက်ခိုက်၊ စစ်ကိုင်းတွင် စစ်ကားများ နေ့စဉ်ဆက်တိုက် မိုင်းဆွဲခံရ

ရန်ကုန်၊ ဇူလိုင် ၁၅ မွန်ပြည်နယ်၊ သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေး ရွာတွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ စစ်ကော်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်စဉ် ယာဉ်တန်းမှ ဗိုလ်တစ်ဦး ကြောက်လန့်ပြီး ထွက်ပြေးရာမှ ကားတိုက်သေဆုံးကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က သတင်းထုတ်ပြန် သည်။ ဇူလိုင်...

စစ်ကိုင်းကို ပံ့ပိုးမည့် သိန်းပေါင်း ၁၅,၀၀၀ ပရောဂျက် ရက်ပြည့်ရန် ၁၁ ရက်သာ ကျန်တော့ပြီး ပြည်သူများ အားစိုက်ကူညီပေးကြရန် မမများနဲ့ ပွဲကမယ် အဖွဲ့တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁၅ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များထံ ပံ့ပိုးသွားမည့် သိန်းပေါင်း ၁၅,၀၀၀ (သိန်းတစ်သောင်းခွဲ) ပရောဂျက်အချိန်ပြည့်ရန် ၁၁ ရက်သာ ကျန်တော့ပြီး ပံ့ပိုးမည့် ပမာဏ မပြည့်သေးသည့်အတွက် ပြည်သူများ အားစိုက်ကူညီပေးကြဖို့ မမများနဲ့ ပွဲကမယ် အဖွဲ့က အထူးနှိုးဆော်ထားသည်။ "ဒီပရောဂျက်အရေးပါမှုအတိုင်းအတာက ပထမဆုံး စစ်ကိုင်းတိုင်း လွတ်မြောက်ရေးကို...

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ စုပေါင်းပြီး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁၅ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ အဖွဲ့ဝင် အမျိုးသမီးများ၊ LGBT၊ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ကြသည်။ တော်လှန်ရေး အောင်မြင်ရန် လူထုသပိတ်လှုပ်ရှားမှု၊ CDM လှုပ်ရှားမှု၊ စစ်တပ်ထုတ်ကုန်သပိတ်မှောက်သည့် လှုပ်ရှားမှု၊...

ရေစကြို မြို့နယ် ချစ်သူရွာကို အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်ကာ ပြည်သူ ၅ ဦးကို ဖမ်းဆီး၊ နေအိမ်ရှိ ပစ္စည်းများကို ခိုးယူ

ရန်ကုန်၊ ဇူလိုင် ၁၅ ရေစကြိုမြို့နယ် ချစ်သူရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ ဇူလိုင် ၁၅ ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့၏ နေအိမ်များရှိ ပစ္စည်းများကို ခိုးယူလုယက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဖမ်းဆီးခံရသည့် ရွာသားများမှာ ဦးကျော်မင်းတင့်၊ ဒေါ်တင်ဇာ...

ရေနီမြို့အရှေ့ဘက်ခြမ်းရှိ နေပြည်တော် PDF (၈၀၂) ရှေ့တန်းစခန်းကို စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်၊ စစ်သား ၆ ဦးဝန်းကျင် သေဆုံးပြီး PDF ၁ ဦးကျဆုံး၊ ၁ ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၁၅ ပဲခူးတိုင်း၊ ရေနီမြို့အရှေ့ဘက်ခြမ်းရှိ နေပြည်တော် PDF (၈၀၂) တပ်ရင်း၏ ရှေ့တန်းစခန်းကို ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ညနေပိုင်းတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦး ဝန်းကျင် သေဆုံးကာ...

Latest news

- Advertisement -spot_img