26 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

ပြည်သူ ၂ ဦး သေဆုံးစေခဲ့သော မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို စစ်တပ်တိုက်လေယာဉ် ၂ စီး၏ဗုံးကျဲတိုက်ခိုက်မှု မြင်ကွင်းများ

ရန်ကုန်၊ ဇူလိုင် ၂ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့် ယနေ့ ဇူလိုင်လ ၂ ရက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချပ်ရွာရှိ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ပြီး အခြား ဒဏ်ရာရသူများလည်း ရှိကြောင်း မင်းတပ် ပ.အ.ဖ ထံမှ သတင်းရရှိသည်။ "စကစတွေ ဗုံးကျဲတာက တိုက်လေယာဉ်နဲ့ပေါ့နော်၊ အပြာရောင် တိုက်လေယာဉ် ၂ စီး နိမ့်နိမ့်လေး လာပြီးမှ ၁၁နာရီ ၁၅ မိနစ်လောက်မှာ ၃ ကြိမ် လာကျဲသွားတယ်။ နောက်တကြိမ် ပြန်ကွေ့လာပြီး ပြန်ကျဲတယ်ပေါ့နော်၊ ချပ်ရွာစာသင်ကျောင်းနဲ့ ဘုရားကျောင်းနားမှာ ကျတယ်။ အဲဒီမှာ လူတွေ ထိတယ်၊ သေဆုံးတာတွေရော ဒဏ်ရာရတာတွေရော ရှိတယ်။ နောက်တကြိမ် ဆွန်တောင်ရွာဘက်ကို ကျဲတယ်၊ ဒါပေမယ့် တောထဲ ချောက်ထဲကို ကျတယ်ပေါ့နော်။ချပ်ရွာမှာ ကျဲသွားတာ လောလောဆယ် သိရတာတော့ ၂ ဦးသေဆုံးတယ်၊ ၂ ဦး ဒဏ်ရာရတယ်၊ အခြား အသေးစား ဒဏ်ရာရတဲ့သူတွေကတော့ များတယ်။ လေး၊ ငါး၊ ဆယ်ယောက်လောက် ရှိမယ်ပေါ့နော်။ ဒါ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး၊ အရပ်သားပြည်သူကို ဦးတည်တဲ့ သဘောမျိုးပေါ့" ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ယခု တိုက်ခိုက်မှုသည် အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်ကြောင်းနှင့် အရပ်သား တိုင်းရင်းသား ပြည်သူများကို ပစ်မှတ်ထားကျူးလွန်သော စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။ ဓာတ်ပုံ- ယနေ့ စစ်တပ်တိုက်လေယာဉ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော မင်းတပ်မှ ပြည်သူပိုင်အိမ်များ။   Photo- Ling Yaw Law Thang FB ။

ရန်ကုန်တိုင်း၊ သာကေတ၊ ကွမ်းခြံကုန်းနှင့် တွံ့တေးတို့တွင် မိုင်းခွဲမှုနှင့်ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂  ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့်တွံ့တေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် စစ်တပ်ဘက်တော်သားများကို မိုင်းခွဲမှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များ နှင့်ဒေသခံများထံမှ သိရှိရသည်။  ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင်  ကွမ်းခြံကုန်းမြို့နယ် ပကဖ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး - URF တို့...
00:19:05

မှော်ဘီလေတပ် လေယာဉ်သိုလှောင်ရုံကို ဗုံးထောင်ခဲ့သူ ရဲဘော်လျှပ်စီးနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ် “မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံကို ဗုံးဖောက်ခွဲတာ မပေါက်ကွဲပေမယ့် လေတပ် အရာရှိ နဲ့ စစ်သား အများအပြား ဖမ်းဆီးခံထားရပြီး ဖုန်းတွေလည်း သိမ်းခံထားရတယ်နောက်ပြီးတော့ အချင်းချင်း ပစ်ခတ်မှုဖြစ် တယ်လို့လည်းသတင်းလွှင့်ထားတယ်။” ကရင်ပြည်နယ်ရှိ KNDO ၊ KNLA နှင့် PDF တွေကို စစ်တပ်က တိုက်လေယာဉ်များဖြင့်...

ပြည်သူ ၂ ဦးသေဆုံးခဲ့သော သေ့ဘောဘိုးကျေးရွာအနီး စစ်ကောင်စီတိုက် လေယာဉ် ဗုံးကျဲမှု ထိုင်းပြည်သူများ၏ နေအိမ် ၃ လုံး ထိမှန်၊ ထိုင်းစစ်တပ်က ပြင်ဆင်ပေး

ရန်ကုန်၊ ဇူလိုင် ၁ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီ ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးခဲ့ပြီး ထိုင်းပြည်သူ ၃...
00:08:56

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

 By ရန်ကုန်ခေတ်သစ်  ဒီကနေ့ ဇူလိုင် ၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ - နိုင်ငံကျော်အဆိုတော်- ပိုင်သက်ကျော်ကို အကြမ်းဖက် စစ်ကောင်စီက CDM ထောက်ပံ့မှုဆိုတဲ့စွပ်စွဲ ချက်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတယ်လို့ ပိုင်သက်ကျော်ရဲ့ မိတ်ဆွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်...

ဥကရစ်ထစခန်းမှ အကြမ်းဖက်စစ်သားများကဲ့သို့ အသေခံ ခုခံကာကွယ်မှု အတုယူရမည်ဟု စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြား၊ ရှေ့တန်းထွက် စစ်သားတစ်ဦးလျှင် တစ်ရက်ကျပ် ၁၂၀၀ စရိတ်မပေးဘဲ ၆၀၀ ကျပ်သာပေး

By ရန်ကုန်ခေတ်သစ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဥကရစ်ထ စခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ် သား များက ၎င်းတို့ စစ်အခြေစိုက် စခန်း မကျဆုံးစေရန် ခုခံကာကွယ်လျက်ရှိရာ ယင်းကဲ့သို့ အသေခံ ခုခံကာကွယ်မှုကို အတုယူကြရန် စစ်ကောင်စီက တပ်တွင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။  ဇွန်လ ၂၆...

တိုက်ပွဲသတင်းများကို လူမှုကွန်ရက်တွင် စောလျှင်စွာ မဖြန့်ဝေကြရန် KNU ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲများဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲသတင်းများကို လူမှုကွန်ရက်တွင် စောလျှင်စွာ ဖြန့်ဝေခြင်း မပြုရန် KNU က ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များမှ...

နိုင်ငံကျော် မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ်ချမှတ်

ရန်ကုန်၊ ဇူလိုင် ၂ နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ထားကြောင်း ပိုင်သက်ကျော်၏ မိတ် ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်ကို စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် ဖမ်းဆီးခဲ့ပြီး...

မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့ ပြည်သူ ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာပြင်းထန်

ရန်ကုန်၊ ဇူလိုင် ၂ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ ဇူလိုင်လ ၂ ရက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချပ်ရွာရှိ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ပြီး...

တောင်ကိုရီးယားနိုင်ငံ အူတန်မြို့တွင် ဒယ်ဂူဆရာတော် ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ဒယ်ဂူ ဆရာတော် ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img