29.6 C
Yangon

တိုက်ပွဲသတင်းများကို လူမှုကွန်ရက်တွင် စောလျှင်စွာ မဖြန့်ဝေကြရန် KNU ထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၂

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲများဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲသတင်းများကို လူမှုကွန်ရက်တွင် စောလျှင်စွာ ဖြန့်ဝေခြင်း မပြုရန် KNU က ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များမှ နယ်မြေကျူးကျော်ကာ ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်နေမှုများကြောင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များနှင့် အမြဲတစေ ထိတွေ့ပစ်ခတ်မှုများရှိနေကြောင်း၊ Social media Facebook အကောင့်များ၊ စာမျက်နှာများမှ တိကျမှန်ကန်မှုမရှိသေးသော တိုက်ပွဲသတင်းများကို စောလျှင်စွာ လိုင်းပေါ်တင်ခြင်း၊ တစ်ဆင့်ခံဝေမျှခြင်းများကြောင့် ရှေ့တန်းစစ်မြေပြင်၌ လှုပ်ရှားနေသော စစ်သည်များနှင့် အဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးကိုထိခိုက်စေနိုင်သည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါသတင်းများကို စောလျှင်စွာတင်ခြင်းအားဖြင့် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှု အစီအစဥ်များအား အနှောင့်အယှက်ဖြစ်စေပြီး အခက်တွေ့စေသည့်အပြင် တိကျမှန်ကန်မှုမရှိသော သတင်းများသည် ဒေသခံလူထုအားထိတ်လန့်ကြောက်ရွံ့ရန် ခြိမ်းခြောက်နေသကဲ့သို့ဖြစ်စေကြောင်း၊ ယင်းကြောင့် လူမှုကွန်ယက် Facebook အကောင့်များ၊ စာမျက်နှာများမှ တိကျမှန် ကန်မှုမရှိသေးသောသတင်းများကို စောလျှင်စွာ မဖြန့်ဝေခြင်းဖြင့် တော်လှန်ရေးတွင် ကူညီပါဝင်ပေးကြရန်၊ KNU က တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်ကြရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article