25.6 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39064 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကို ထိထိရောက်ရောက်ချေမှုန်းပစ်နိုင်ဖို့ နယ်မြေတချို့ကို စွန့်ကောင်း စွန့်ရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကိုတိုက်ခိုက်မှု စစ်သား အလောင်း...

မင်းအောင်လှိုင်ထံတွင် ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းလိုက်နာမည်ဆိုသော ကတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၂ မင်းအောင်လှိုင်ထံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းလိုက်နာမည်ဆိုသော ကတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း အမိန့်ထုတ်ပြန်သည်။ ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် အပေါ် ပြစ်မှုထင်ရှားစီရင်ထားသော ပြစ်မှုနှင့်...

စစ်တပ်က ပျူစောထီး၊ ပြည်သူ့စစ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်များနှင့်ညှိနှိုင်းတိုင်ပင် ရန်ပုံငွေရှာ ရပ်တည်ခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၁၂ အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူ့စစ်များ၊ ပျူစောထီးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေး ပုံမှန်မပေးနိုင်တော့သဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်များနှင့်ညှိနှိုင်းတိုင်ပင်ပြီး အဆင်ပြေသည့် နည်းလမ်းများဖြင့် ရန်ပုံငွေရှာရပ်တည်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်၊ ပျူစောထီးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ရိက္ခာနှင့် ရံဖန်ရံခါ ထောက်ပံ့ကြေးတချို့သာ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာလ ၁၁ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၁၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

မြိုင်မြို့နယ်၊ ညောင်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများ ထိခိုက် ပျက်စီး၊ ကျောက်တော်မြို့အနီးကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက်...

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို နှိပ်စက် သတ်ဖြတ်ပြီး တိုက်ရွာရှိ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို နှိပ်စက် သတ်ဖြတ်ပြီး တိုက်ရွာရှိ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက...

ပုလဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်...

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်က လေယာဉ်၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မန္တလးမြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုခင်မောင်ဝင်းကို အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်က နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ငွေကျပ် သိန်း ၂၀၀ ကျော်ဖြင့် အဆင့်ဆင့်‌ရောင်းချခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၁ မန္တလေးမြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုခင်မောင်ဝင်းကို အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်က နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ငွေကျပ် သိန်း ၂၀၀ ကျော်ဖြင့် အဆင့်ဆင့်‌ရောင်းချခဲ့ကြောင်း အကြမ်းဖက် စစ်တပ်ထံမှ ထွက်ပြေး လွတ်မြောက်လာသော ကိုခင်မောင်ဝင်း က ရန်ကုန်ခေတ်သစ်...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်ပြည်နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF အကူအညီနဲ့ အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့တဲ့ စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ၀ဏ္ဏလှိုင်ဆိုသူဟာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်နေရတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်...

Latest news

- Advertisement -spot_img