- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45177 POSTS
0 COMMENTS

မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ပေါင်း ၄၀ ကျော် နေထိုင်လာသော အိမ်ခြေ ၁၀၀ နီးပါးကို ကျူးကျော်ဟုဆိုကာ အာဏာပိုင်များက အတင်းအကျပ် ဖျက်ခိုင်းနေပြီး လူဦးရေ ၃၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

ရန်ကုန်၊ ဇွန် ၁၅ ရက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဇိတာ ၁၃ လမ်းအတွင်း နှစ်ပေါင်း ၄၀ ကျော်ကြာ အခြေချနေထိုင်လာခဲ့သည့် ပြည်သူများကို အာဏာပိုင်များက အစားထိုးနေရာချထားပေးခြင်း သို့မဟုတ် လျော်ကြေးပေးခြင်းမျိုး လုံးဝမရှိဘဲ ကျူးကျော်ဟုဆိုကာ လာမည့် ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍...

ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် စစ်သား ၁ ဦးတို့ အလင်း၀င်၊ ကျောက်ဆည်တွင်လည်း ပျူစောထီး ၂ ဦး အရှင်မိ

ရန်ကုန်၊ ဇွန် ၁၅ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သား သစ် ၁ ဦးနှင့် စစ်သား ၁ ဦးတို့သည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်း ၀င်ခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ ‌ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ...

မြောင်မြို့နယ်နှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်းအတွင်းရှိ မြောင်မြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းနှင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး အခြားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၄...

ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ပြည်သူအချို့ကို ဖမ်းဆီးပြီး အိုရင်းကျေးရွာကို ဝင်ရောက်မီးရှို့နေ

ရန်ကုန်၊ ဇွန် ၁၅ ရက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ပြည်သူအချို့ကို ဖမ်းဆီးထားပြီး အိုရင်းကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့နေကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာသော စစ်တပ်က...

မိုးဗြဲမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ပြန်လည်ဆုတ်ခွာသွား၊ ကော့ကရိတ်တိုက်ပွဲတွင်လည်း စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိ

ရန်ကုန်၊ ဇွန် ၁၅ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့် သေဆုံးပြီး အထိနာကာ တပ်ပြန်ဆုတ်သွားကြောင်း ကရင်နီတော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း မိုးဗြဲမြို့တွင်းမှ...

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ မြန်မာ ၃၆ ဦးမှာလည်း ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ခံရ

ရန်ကုန်၊ ဇွန် ၁၅ မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ် (Kedah)၊ လန်ကာဝီကျွန်း (Pulau Langkawi) ရှိ စီးပွား ရေးလုပ် ငန်းခွင်များနှင့် စားသောက်ဆိုင်များကို အာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦး အပါအဝင် ၁၇ ဦး...

ဗိုလ်လောင်းသင်တန်း ဆင်းပြီး ၁ နှစ်မပြည့်ခင် ချင်းပြည်နယ်တွင် မိုင်းမိ၍ ခြေဖြတ်လိုက်ရသည့် ဒုဗိုလ်အောင်ကိုနိုင်ကို ထောက်ပံ့ရန် လှုံ့ဆော်သော်လည်း ကူညီသူမရှိ

ရန်ကုန်၊ ဇွန် ၁၅ ဗိုလ်လောင်းသင်တန်း ဆင်းပြီး ၁ နှစ်မပြည့်ခင် ချင်းပြည်နယ်တွင် မိုင်းမိ၍ ခြေဖြတ်လိုက်ရသည့် ဒုဗိုလ်အောင်ကိုနိုင်ကို ထောက်ပံ့ရန် လှုံ့ဆော်သော်လည်း ကူညီသူမရှိသဖြင့် စစ် တပ်လော်ဘီများအကြား အပြန်အလှန် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှီသည်။ ဒုဗိုလ်အောင်ကိုနိုင်သည် (ဗထူး) အခြေစိုက် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၁၂၈ မှ...

ရုရှားအစိုးရနှင့် နေပြည်တော်က မေတ္တာရပ်ခံခဲ့သော်လည်း အာဆီယံက လက်မခံ၍ ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ခွင့်မရ

ရန်ကုန်၊ ဇွန် ၁၅ ရုရှားအစိုးရနှင့် မင်းအောင်လှိုင်က အစည်းအဝေးတက်ခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သော် လည်း အာဆီယံက လက်မခံ၍ ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ခွင့်မရကြောင်း နေ ပြည်တော်စစ်ဘက်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ အထိ ရုရှားနိုင်ငံတွင်...

မြန်မာစစ်တပ်၏ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ မြန်မာလူငယ်များနှင့် လူလတ်တန်းစားများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းအခြေချလာပြီး ထိုင်းစျေးကွက်သစ်ကို မောင်းနှင်နေ၊ မြန်မာမှ စီးပွားရေးလုပ်ငန်းကြီးများပါ ထိုင်းဘက်သို့ ရွှေ့ပြောင်းလာ

ရန်ကုန်၊ ဇွန် ၁၅ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ပြု လုပ်လာခြင်းကြောင့် တိုင်းပြည်အတွင်း ဆက်လက်နေထိုင်ရန် ခက်ခဲလာသည့် မြန်မာလူ ငယ်များနှင့် လူ လတ်တန်းစား၊ အထက်တန်းစား အလွှာစုံမှ ပြည်သူအများအပြားသည် အိမ် နီးနားချင်း ထိုင်းနိုင်ငံသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းအခြေချ...

အမေရိကန်နှင့် အီရန် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိထားပြီး လာမည့်သောကြာနေ့ နှစ်နိုင်ငံလက်မှတ်ရေးထိုးမည်၊ ရေနံတင်သင်္ဘောများ ဖြတ်သန်းရာ ဟော်မုခ်ရေလက် ကြား အပြည့်အ၀ ပြန်လည်ဖွင့်လှစ်တော့မည်

ရန်ကုန်၊ ဇွန် ၁၅ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အာဏာပိုင်များသည် ၎င်းတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်၊ အမေရိကန်၏ ပိတ်ဆို့ဖြတ်တောက်မှုများကို ရပ်ဆိုင်းရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြပြီဖြစ်ကြောင်း ယနေ့ နှစ်ဖက်စလုံးက ထုတ်ပြန်လိုက်ကြသည်။ ယခု ပဏာမသဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ...

Latest news

- Advertisement -spot_img