- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

43409 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ မတ် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မန္တလေးတိုင်းအတွင်း မြို့ဧရိယာတွေကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်နေတဲ့အတွက် လက်လွှတ်ထားရပေမယ့် မြို့နယ်ဧရိယာတွေမှာတော့ တော်လှန်ရေးတပ်တွေ ဆက်လက်လှုပ်ရှားနေဆဲဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အပြီးသတ်...

နိုင်ငံတစ်ဝန်းရှိ ယာဉ်များအားလုံးကို ဝှီးတက်လိုင်စင်ပြသ၍ QR စနစ်ဖြင့် ၁ ရက်လျှင် ၁ ကြိမ်သာ ဆီဝယ်ယူခွင့်ပေးသည့်စနစ် စစ်တပ်က ယနေ့ စတင်ကျင့်သုံး၊ ဆီမှောင်ခိုစျေးကွက်ကြီးထွားလာဟုဆို

ရန်ကုန်၊ မတ် ၁၂ မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများကို လျှော့ချရန်နှင့် အမှန်တကယ် လိုအပ်သူများ ဆီဝယ်ယူရရှိစေရန်ဟုဆိုကာ QR ကုတ်ဖြင့် ၁ ရက်လျှင် ၁ ကြိမ်သာ ဆီဝယ်ယူခွင့်ပေးသည့်နစ်ကို ယနေ့ စတင်ကျင့်သုံးပြီဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက...

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် ဗိုလ်မှူးချုပ်မြင့်ရွှေ၊ ဗိုလ်မှူးများနှင့် စစ်ဆေးဆရာဝန်များ သေဆုံးသွားဟု စစ်သုံ့ပန်း နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းပြော

အကျဉ်းထောင်မှန်းသိလျက်နှင့် စစ်တပ်က လေယာဉ်ဖြင့် ၄ နာရီကြာ ဗုံးကျဲမှု ရက်စက်သော လုပ်ရပ်ဖြစ်ပြီး စစ်တပ်က ဗုံးကျဲချိန် AA က စစ်သုံ့ပန်းများကို ကယ်ထုတ်ခဲ့ဟုဆို ရန်ကုန်၊ မတ် ၁၂ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် ဗိုလ်မှူးချုပ်မြင့်ရွှေ၊ ဗိုလ်မှူးများနှင့် စစ်ဆေးဆရာဝန်များ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၁ မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၇ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

ညောင်လေးပင်၊ အင်းဗလာရွာကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ အင်းဗလာရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းဗလာရွာကို...

မိုးကုတ်တွင် တိုက်ပွဲများ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က စစ်ကူ အများအပြား ပို့ဆောင်ရန် ပြင်ဆင်နေ၊ သံဖြူဇရပ်နှင့်ရေးတွင်လည်း စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၁၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က စစ်ကူ အများအပြား ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၀ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘော်ဗဒါန်းရွာဘက်မှ...

ထီးချိုင့်ရှိ ဘုန်ကြီးကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု သံဃာတော် ၆ ပါး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ ယင်းမာပင်နှင့် ဘီးလင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၁ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဘုန်ကြီးကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၆ ပါး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့...

ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ တပ်စွဲထားသော နေရာကို ထိမှန်ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ မတ် ၁၁ မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သားများ တပ်စွဲထားသော နေရာကို ထိမှန်ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း COBRA ONE တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မတ်လ ၉ ရက်နေ့တွင် ည ၇ နာရီနှင့် ည ၁၀ နာရီ...

ညောင်ဦးတွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံးပြီး သေနတ် ၄ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၁ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၃၀ ခန့် သေဆုံးပြီး သေနတ် ၄ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Bagan Ogre Force (ညောင်ဦးမြို့နယ်...

မန္တလေးတိုင်းအတွင်း စစ်တပ်၏ အင်အားအလုံးအရင်းပါသော အဆမတန်ထိုးစစ်ကြောင့် မြို့များကို လက် လွှတ်ထားရသော်လည်း မြို့နယ်ဧရိယာများကို တော်လှန်ရေးတပ်များက လှုပ်ရှားနေဆဲ

ရန်ကုန်၊ မတ် ၁၁ မန္တလေးတိုင်းအတွင်း မြို့ဧရိယာများကို စစ်တပ်၏ အင်အားအလွန်အကျွံ့ သုံး ထိုးစစ်ဆင်နေသော ကြောင့် လက်လွှတ်ထားရသော်လည်း မြို့နယ် ဧရိယာများကို တော်လှန်ရေးတပ်များက ဆက်လက် လှုပ်ရှား နေဆဲဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်က ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းမှစတင်ပြီး အင်အားအလုံးအရင်းဖြင့် မန္တလေးတိုင်းအတွင်းရှိ သ ပိတ်...

Latest news

- Advertisement -spot_img