- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45177 POSTS
0 COMMENTS

မုံရွာမြို့ပေါ်တွင် အလုပ်သွားအလုပ်ပြန် လူငယ် ၇၀ ကျော်ကို စစ်တပ်က ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးပြီး တစ်ဦးလျှင် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

ရန်ကုန်၊ ဇွန် ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက် လမ်းဆုံလမ်းခွများနှင့် မြို့တွင်းကားဂိတ်များတွင် အလုပ်သွားအလုပ်ပြန်ပြုလုပ်နေသည့် လူငယ်များကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် မိသားစုများထံ ပြန်လည်ရွေးခိုင်းနေကြောင်း ဒေသခံပြည်သူများနှင့်ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၇...

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ဇော် ပျောက်ဆုံးပြီးမှ အလောင်းပြန်တွေ့ရှိမှု ဆွေမျိုးအသိုင်းအ၀ိုင်းက လူသတ်မှုအဖြစ် ယူဆသော်လည်း အာဏာပိုင်များက ရေနစ်သေဆုံးမှုဟုဆိုကာ စုံစမ်းစစ်ဆေးမှု မလုပ်တော့ဘဲ အမှုပိတ်

ရန်ကုန်၊ ဇွန် ၁၁ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသားမောင်မင်းခန့်ဇော် ပျောက်ဆုံးပြီးမှ အလောင်းပြန်တွေ့ရှိမှုကို မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းက လူသတ်မှုအဖြစ် ယူဆကြသော်လည်း မှုခင်းဆရာဝန်နှင့်ရဲတပ်ဖွဲ့က ရေနစ်သေဆုံးမှုဟုဆိုကာ အမှုပိတ် လျစ်လျူရှုထားကြောင်း စုံစမ်းသိရှိရသည်။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၉ ရပ်ကွက်တွင် နေထိုင်သော...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၄ ဦး ဖမ်းဆီးခံရ၊ ချင်းမိုင်တွင်လည်း ရေခဲမုန့်သည် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၁ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း အယုဒ္ဓယခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ...

မြန်မာနိုင်ငံတွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးမှု ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်နိုင်ခြေဟု သတ် မှတ်ကာ စုံစမ်းစစ်ဆေးမှုများ လုပ်နေပြီး ထိုင်းအမျိုးသမီး ၁ ဦးကိုလည်း သံသယဖြင့် ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁၁ ရန်ကုန်မြို့တွင် အမေရိကန်ပြည်ထောင်စုမှ သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရပြီး၊ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ လူသတ်မှုဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်ရှိ သံတမန်အသိုင်းအဝိုင်းကိုးကား၍ AP သတင်းဌာနက သတင်းဖော်ပြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ...

ပြည်သူများ ဒုက္ခရောက်နေရသည့် စုံ/မရက်အလိုက် ကားမောင်းနှင်နေရသည့် စနစ် ပယ်ဖျက်ပေးရန် မင်းအောင်လှိုင် သဘောမတူ

ရန်ကုန်၊ ဇွန် ၁၁ အကြမ်းဖက် မင်းအောင်လှိုင်၏ စက်သုံးဆီချွေတာရေး စီမံချက်ကြောင့် ဖြစ်ပေါ်လာသော မော်တော်ယာဥ်များ လမ်းပေါ်တွင် စုံ/မ ကားနံပါတ်စနစ်ဖြင့် စုံ/မ ရက်အလိုက် လမ်းပေါ်တွင် မောင်းနှင်ခွင့်ပြုနေသည့်စနစ်ကို ပယ်ဖျက်ပေးရန် ကြံ့ဖွတ်ပါတီနှင့် အမတ်များက ကြိုးစားကြသော်လည်း မင်းအောင် လှိုင်က သဘောမတူဘဲ ပယ်ချသဖြင့် စုံ/မစနစ်...

စစ်ကိုင်းနှင့် သရက်ချောင်းတွင် ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် ပျူစောထီး ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ဇွန်လ ၈ ရက်နေ့က စစ်ကိုင်းမြိုနယ် စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် ပြည်သူလူထုအား အနိုင်ကျင့် နှိပ်စက်နေသော စစ်ကော်မရှင် လက်အောက်ခံ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၀ မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၁၀ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

မြောင်မြို့နယ်ရှိ ပေါက်တောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ထိခိုက်ဒဏ်ရာရ၊ ချောင်းဦးရှိ ဆင်မြေရွာကိုလည်း စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် ရနောင်းတွင် တရားမဝင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၀ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မဲဆောက်စျေးကြီးအတွင်း ထိုင်းအာဏာပိုင်များက နိုင်ငံခြားသားများ တားမြစ်လုပ်ငန်းများလုပ်ကိုင်နေခြင်းရှိ၊ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရသည်။ ဇွန်လ ၁၀ ရက်နေ့တွင် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် မဲဆောက်မြို့နယ်...

မြန်မာနိုင်ငံအတွက် 2026 World Cup ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို စစ်တပ် ပိုင် Mytel ကုမ္ပဏီထံသို့ ဖီဖာ (FIFA) က ချထားပေး

ရန်ကုန်၊ ဇွန် ၁၀ မြန်မာနိုင်ငံအတွက် 2026 World Cup ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာစစ် တပ်ပိုင် Mytel ကုမ္ပဏီထံသို့ ဖီဖာ (FIFA) က ချထားပေးလိုက်ကြောင်း ဖီဖာက သတင်းထုတ်ပြန် သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဇွန်လ ၃ ရက်နေ့...

Latest news

- Advertisement -spot_img