28 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

24660 POSTS
0 COMMENTS

အကြမ်းဖက်စစ်ကောင်စီက မြောက်ဦးစျေးကို မီးရှို့ ဖျက်ဆီးရန် ကြံစည်နေပြီး တိုက်ပွဲအတုများ ဖန်တီးလာနိုင်ဟု AA က ပြည်သူများကို သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၅ အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ မြောက်ဦးစျေးကို မီးရှို့ ဖျက်ဆီးရန် ကြံစည်နေပြီး တိုက်ပွဲအတုများ ဖန်တီးလာနိုင်သဖြင့် ပြည်သူများ သတိထားကြရန် AA က ယနေ့ည သတိပေးချက် ထုတ်ပြန်လိုက်သည်။

မြောင်၊ မြစ်သာရွာ အနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၅ စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာရွာ အနီး ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်ကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း TTA-ပြောက်ကျားတပ်ဖွဲ့ထံမှ...

တောင်ဥက္ကလာတွင် ၁၃ ရပ်ကွက်ရုံးနှင့် CNGဆိုင်အနီး ဗုံးများပေါက်ကွဲ၊ သန်လျင်ရေတပ်ဝင်း ဂိတ်ဗုံးခွဲခံရ၊ တောင်ဒဂုံ နှင့် မရမ်းကုန်းတွင်လည်း ဗုံးများပေါက်

ရန်ကုန်၊ စက်တင်ဘာ ၅ ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ည ဗုံး ၂ ကြိမ်ပေါက်ကွဲပြီး စစ်ကောင်စီတပ်များက လမ်းများကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ လုပ် ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၅၄ မိနစ်အချိန် တောင်ဥက္ကလာပမြို့...

သထုံမြို့နယ်၊ ကြာဘန်းစစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီ ကင်းတဲ ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ယနေ့ ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ရာ ကင်းတဲကို ထိမှန်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ...

အားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၅ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် "Accept NUG and Our Ambassador, Reject Dictator" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်...

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၅ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တံင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန် သပိတ် အင်အားစု ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၅ မန္တလေး ပြည်ကြီး တံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် "Reject Military Accept NUG" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း...

သံဃာသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၅ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် "ဆုတောင်းနေလို့လည်း မပြီးဘူး၊ ထိုင်ပြောနေလို့လည်းမပြီးဘူး အားလုံးပါဝင်ပေးမှ တော်လှန်ရေးကြီးအမြန်ပြီးမှာ" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၅ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့်ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ဘုံရန်သူတူနေရင် ညီညွတ်ရေးလည်း ယူနိုင်ရမယ် " စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - BEGSC-MYAING

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဆက်လက်ထားရှိရေး ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၅ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img