34 C
Yangon

အမေရိကန်၊ နယူးယောက်မြို့တွင် စစ်အာဏာရှင် တော်လှန်ရေး ရှစ်လေးလုံး ၃၅ နှစ်ပြည့် အကြို အခမ်းအနား ကျင်းပ

Must read

အမေရိကန်၊ နယူးယောက်မြို့တွင် စစ်အာဏာရှင် တော်လှန်ရေး ရှစ်လေးလုံး ၃၅ နှစ်ပြည့် အကြို အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၆

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Time Square ရင်ပြင်တွင် ၈၈၈၈ (၃၅) နှစ်ပြည့်အကြို အခမ်းအနားကို ဒေသစံတော်ချိန် ညနေ၄နာရီ မှ ၆နာရီအ ထိ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို အလေးပြုခြင်း ၃ရပ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၈၈၈၈ နှင့်ပတ် သက် သည့် တော်လှန်ရေးအမှတ်တရစကားများ ကိုအစီအစဉ် လိုက် ပြောကြား ကြ ပြီး တော်လှန်ရေး ကဗျာသရုပ်ပြအစီစဉ်ကို အဆိုတော် ကျော်သီဟက ရွတ်ဆိုပြီး NYCBC အဖွဲ့ဝင်များက သရုပ်ဆောင်ကာ တင်ဆက်ပြသကြသည်။

ထို့နောက်ကြွေးကြော်သံများ တော်လှန်ရေးသီချင်းများသီဆိုကာ အခမ်း အနား ကိုရုပ်သိမ်းခဲ့ကြကြောင်း၊ ၈၈၈၈ ၃၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားသို့ နယူးယောက်နှင့်အနီးတဝိုက်ရှိ မြန်မာပြည် ဖွားတိုင်း ရင်းသားပေါင်းစုံ ၃၀၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Photo- KyawSoe Latt ၊ Khun Phyo

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article